Pages

Friday, January 18, 2013

(၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုပွဲတော် မြန်မာနိုင်ငံအကအဖွဲ့ အထူးအားပေးမှုခံရ


ဘန်ကောက်ရောက် ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့ အမှတ်တရဓာတ်ပုံ(ဓာတ်ပုံ၊ ခွန်မောင်းခမ်း-ဘန်ကောက်)

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းဒေသရှိ ဆူရင်းခရိုင်မှာ ကျင်းပပြုလုပ်တဲ့ (၈) ကြိမ်မြောက် Surin International Folklore Festival လို့ခေါ်တဲ့ နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ဖျော်ဖြေ တင်ဆက်ကပြတဲ့ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့အား ဆူရင်းခရိုင်ရှိ တက္ကသိုလ်ကျောင်းသားကျောင်းသူများနှင့်
 ပြည်သူလူထုများရဲ့ အထူးအားပေးမှုကို ခံရကြောင်း ထိုင်းဒေသခံသတင်းက ဖော်ပြထားတာ သိရပါတယ်။

ဆူရင်းဒရာရာဇဖတ်တက္ကသိုလ်အတွင်းမှာ ကျင်းပတဲ့ ယဉ်းကျေးမှုဖလှယ်ပွဲအစီအစဉ်ရဲ့ ဖွင့်ပွဲညမှာ ပအိုဝ်းတိုင်းရင်းသားရိုးရာတီးဟန် (၄) မျိုးနဲ့ ပအိုဝ်းရိုးရာအိုးစည်းအရှည် (ထုံမေးဆွာ,) တီးခတ်ဟန် (၂) မျိုး၊ ပအိုဝ်းရိုးရာအိုးစည်အတို (ထုံထွုံ,) နဲ့ တီးခတ်ဟန်ကို တလှည့်စီ ညီညီညာညာ တွဲဖက်တီးခတ်ပြီး၊ ဆန်းသစ်တဲ့ ရိုးရာအကနဲ့ ဒုတိယညမှာ "အမွီ;ဟ၀်လီ, နီသွီ;ဖြွီ," (ဗမာလို - အသက်သွေးကြောပမာ ဓလေ့ထုံးတမ်းအစဉ်အလာ) ဆိုတဲ့အကကို ခေတ်သစ်ရိုးရာအကဟန်နဲ့ ဖျော်ဖြေကပြခဲ့တဲ့အတွက် ပွဲကြည့်ပရိတ်သတ်များ အထူးပဲ စိတ်ဝင်စား အားပေးမှုခံရကြောင်း ခွန်သောမတ်စ် က ပြောပါတယ်။

ပအိုဝ်းတိုင်းရင်းသားအကအဖွဲ့ဟာ အခု (၈) ကြိမ်မြောက် Surin International Folklore Festival ယဉ်ကျေးမှုပွဲတော်မှာ မြန်မာနိုင်ငံကိုယ်စား ၀င်ရောက်ကပြဖျော်ဖြေဖို့ ဘန်ကောက်မြို့မှာရောက်နေစဉ် ဘန်ကောက်ရောက် ပအိုဝ်းတိုင်းရင်းသားများ နွေးထွေးစွာ လာရောက်ကြိုဆိုတဲ့အတွက် အထူးပဲ ၀မ်းသာဂုဏ်ယူမိကြောင်းလည်း ၎င်းက ဆိုပါတယ်။

ဒီပွဲတော်မှာ ပါဝင်ဆင်နွဲတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံမှာ မြန်မာ၊ ဘင်္ဂလားဒေ့ခ်ျ၊ နီပေါ၊ အင်ဒိုနီးရှား၊ ကိုးရီးယား၊ တရုတ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ယူကရိန်း၊ အစ္စရေး၊ အိန္ဒိယ (ပန်ဂျာရတ်နယ်)၊ အိန္ဒိယ (မနီမုရနယ်)၊ သီရိလင်္ကာ၊ အီတလီနှင့် ဖီလစ်ပိုင် စတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

ပအိုဝ်းတိုင်းရင်းသားရိုးရာအကအဖွဲ့များကို တောင်ကြီးမြို့မှ ပအိုဝ်းတိုင်းရင်းသားအမျိုးသမီးပညာရေးနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းပြီး အကအဖွဲ့တွင် ယောက်ျားလေး (၁၄) ဦး နှင့် မိန်းခလေး (၁၁) ဦးပါဝင်ကြောင်းလည်း သိရပါတယ်။

နောက်ကျန်တဲ့ရက်တွေမှာ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လှုပ်ရှားမှုအစီအစဉ်နဲ့အတူ ရိုးရာဓလေ့အကနှင့် ရိုးရာခေတ်ပေါ်အက (၄) မျိုး ဆက်လက်ပြီးတော့ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
 

No comments:

Post a Comment