Pages

Wednesday, January 30, 2013

နမ့်စန်မြို့နယ်တွင် WY စာတန်းပါ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ


ဇန်န၀ါရီ (၃၀)

လက်ကိုင်အလူမီနီယမ်ချောင်းအတွင်း အမဲရောင်အိတ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြားများ
ရှမ်းပြည်နယ်အရှေ့ပိုင်း နမ့်စန်မြို့နယ်တွင် ဇန်န၀ါရီလ (၂၉) ရက်နေ့က နမ့်စန်မြို့ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နမ့်စန် မူးယစ်အထူးအဖွဲ့ ၊ သတင်းတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့များ အသိသက်သေများပါဝင်သော ပူးပေါင်း အဖွဲ့မှ သတင်းအရ တာချီလိတ်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား ရှာဖွေခဲ့ခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူမှာ ဧရာဝတီတိုင်းဒေကြီး ၊ ကျိုက်လတ်မြို့မှ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

၎င်းအမျိုးသားဝတ်ဆင်လာသည့် အနွေးထည်အိတ်အတွင်းမှ အမဲရောင်အိတ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၁၀၀)ကျော်နှင့် ၎င်းသယ်ဆောင်လာသော ခရီးဆောင်အိတ် လက်ကိုင်အလူမီနီယမ်ချောင်းအတွင်း အမဲရောင်အိတ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၂၀၀၀) ကျော်တို့ကို သိမ်းဆည်းနိုင်ခဲ့သည်။

လက်ကိုင်အလူမီနီယမ်ချောင်းအတွင်း အမဲရောင်အိတ်ဖြင့် ထုပ်ထားသော WY စာတမ်းပါ ပန်းရောင် စိတ်ကြွ ရူးသွပ်ဆေးပြားများ 
ဖမ်းဆီးရမိသည့် ဆေးပြားများ တန်ဖိုးမှာ ကာလတန်ဖိုးအားဖြင့် သိန်း (၈၀) ခန့်ရှိသည်ဟု သိရသည်။ တရားခံအမျိုးသားအား နမ့်စန်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ နမ့်စန်မြို့နယ်အတွင်း ယခုကဲ့သို့ မူးယစ်ဆေးဝါးများ မကြာခဏ သိမ်းဆည်းရမိလေ့ရှိပြီး တစ်လလျှင် မူးယစ်ဆေးဝါးအမှု (၅) မှု မှ (၁၅) မှုအထိရှိကြောင်းကို မူးယစ်အထူးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

No comments:

Post a Comment