Pages

Monday, February 11, 2013

“အိန္ဒိယဟိန္ဒူဘာသာရေးပွဲတော်အတွင်း လူအုပ်ပြိုကျမှုကြောင့် ၃၆ ဦးသေဆုံး”

ဖေဖော်ဝါရီ(၁၁)


အိန္ဒိယ နိုင်ငံတွင် လူအုပ်ပြိုကျမှု တစ်ခုကြောင့် တနင်္ဂနွေနေ့က လူပေါင်း (၃၆)ဦးထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဟိန္ဒူဘာသာရေး ဝတ်ပြု ဆုတောင်းပွဲကြီးတစ်ခု ကျင်းပ ပြုလုပ်နေသည့် နေရာအနီးရှိ ရထားဘူတာ တစ်ခုတွင် ယခုလို ဖြစ်ရပ် ကြုံလာခြင်း ဖြစ်သည်။

ဂင်္ဂါမြစ်ထဲတွင် စုပေါင်းရေချိုးသည့် ဘာသာရေး ပွဲတော်သည် ကမ္ဘာပေါ်တွင် လူအများဆုံး စုရုံးသည့် ဘာသာရေး ပွဲတော်လည်း ဖြစ်သည်။ လူသန်းပေါင်း ဆယ်ဂဏန်းထိ စုရုံးလေ့ရှိသည့် ကမ့်ဘ်မီလာ ပွဲတော်ကြီးအနီး ရထားဘူတာ တစ်ခုတွင် လူအများ ကစဥ့်ကလျား ပြေးလွှားရင်း လူအများအပြား သေဆုံးခဲ့ခြင်းဟု မြောက်ပိုင်းဗဟို ရထားပို့ဆောင်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ဆန်ဒိပ် မာသာက ပြောကြားခဲ့သည်။


Planet Myanmar Network

No comments:

Post a Comment