Pages

Tuesday, February 19, 2013

ရှင်အရဟံနှင့်အနော်ရထာ ရုပ်တုတော် ဖွင့်ပွဲနှင့် ရေစက်ချပွဲကျင်းပ

 Photo: ၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်(၆း၅၅)နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ စွန်ဆပ်ကုန်း၊ ခေမရဋ္ဌ်ဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်ရှိ ရှင်အရဟံနှင့်အနော်ရထာ ရုပ်တုတော် ဖွင့်ပွဲနှင့် ရေစက်ချပွဲကို ပြုလုပ် ကျင်းပခဲ့ကြပါတယ်။

အဆိုပါ ဖွင့်ပွဲသို့ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြသည့်အပြင် ကျိုင်းတုံမြို့မှ ပင့်ဖိတ်ထားသော(၄၈)ကျောင်းအနက်  (၄၅)ကျောင်းမှ မ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။ 

ရုပ်တုတော်အား စက်ခလုတ်နိပ်ဖွင့်လှစ်ရာမှာလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။ 
( သတင်းအပြည့်အစုံ နှင့် ပုံများကို တင်ပေးသွားပါမည် )
၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်(၆း၅၅)နာရီက ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၊ စွန်ဆပ်ကုန်း၊ ခေမရဋ္ဌ်ဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားကုန်းတော်ပေါ်ရှိ ရှင်အရဟံနှင့်အနော်ရထာ ရုပ်တုတော် ဖွင့်ပွဲနှင့် ရေစက်ချပွဲကို ပြုလုပ် ကျင်းပခဲ့ကြပါတယ်

အဆိုပါ ဖွင့်ပွဲသို့ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြသည့်အပြင် ကျိုင်းတုံမြို့မှ ပင့်ဖိတ်ထားသော(၄၈)ကျောင်းအနက် (၄၅)ကျောင်းမှ မ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။

ရုပ်တုတော်အား စက်ခလုတ်နိပ်ဖွင့်လှစ်ရာမှာလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေတို့က ဖွင့်လှစ်ပေးခဲ့ကြတာဖြစ်ပါတယ်။  
တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment