Pages

Wednesday, February 20, 2013

နော်ခမ်းကို မောင်းသူမဲ့ လေယာဉ်သုံး ချေမှုန်းရန် တရုတ် စီစဉ်ခဲ့

ဖေဖော်ဝါရီ (၂၀)


  မူးယစ်ရာဇာ စိုင်းနော်ခမ်း


မဲခေါင်မြစ်အတွင်း တရုတ် သဘောင်္သား ၁၃ ဦး သတ်ဖြတ်မှု၌ ဦးဆောင်ခဲ့သူ မူးယစ်ရာဇာ နော်ခမ်းနှင့် အဖွဲ့ကို တရုတ် အာဏာပိုင်များက မောင်းသူမဲ့ လေယာဉ် အသုံးပြု၍ ချေမှုန်းရန် စီစဉ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ စီစဉ်ခဲ့သော်လည်း နော်ခမ်းကို အရှင်ဖမ်းရမည် ဟူသော အထက်အမိန့်ကြောင့် ပယ်ဖျက်ခဲ့သည်ဟု တရုတ် ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဒါရိုက် တာ Liu Yuejin က ပြောကြောင်း South China Morning Post သတင်းတွင် ဖော်ပြ ထားသည်။ နော်ခမ်းကို ၂၀၁၂ ဧပြီလအတွင်း လာအို နိုင်ငံတွင် ဖမ်းမိခဲ့ပြီး တရုတ် နိုင်ငံသို့ လွှဲပြောင်းယူ၍ နိုဝင်ဘာလ၌ ယူနန်တရားရုံးက သေဒဏ် ချမှတ်ခဲ့သည်။ တရုတ် သဘောင်္သား ၁၃ ဦးသည် ၂၀၁၁ ခုနှစ် အောက်တိုဘာလ က မဲခေါင် မြစ် အတွင်း သတ်ဖြတ်ခံရခြင်း ဖြစ်သည်။
ဧရာဝတီ

No comments:

Post a Comment