Pages

Monday, February 25, 2013

မူဆယ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ(၂၅)

ဖမ်းဆီး ရမိသော စိတ်ကြွ ရူးသွပ်ဆေးပြားများ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်အတွင်း နမ့်ဆွမ်ကျေးရွာအနီးတွင် ဖေဖော်ဝါရီလ (၂၂) ရက်နေ့ ညနေပိုင်းတွင် တရားမ၀င်စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသူတစ်ဦးကို ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ 


မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တာဝန်ခံ မူးယစ်အထူးအဖွဲ့နှင့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်း အဖွဲ့အစည်းသည် သက်သေများနှင့်အတူ နမ့်ဆွမ်ကျေးရွာအနီး ထွန်းကျော် (ကွတ်ခိုင်မြို့နေ သူ) မောင်းနှင် လာသော ရင်ဇင်း -၁၂၅ ဆိုင်ကယ်(အနီရောင်) အား ရပ်တန့်ရှာဖွေရာမှ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

 ယာဘက်ခြေသလုံးတွင် ကြိုးဖြင့်ချည်ထားသော ဆေးပြားများ

ထွန်းကျော်၏ ယာဘက်ခြေသလုံးတွင် ကြိုးဖြင့်ချည်ထားသည့်အနက်ရောင် ကျွတ်ကျွတ်အိပ်ဖြင့် ထည့်ထား သော “၈၈” နှင့် “ ၁” စာတမ်းတစ်ဘက်စီပါ ဆေးပြား (၅၉၀၀)ကျော် ကာလတန်ဖိုး သိန်း (၁၂၀) ကျော်ဖိုး သိမ်းဆည်းရမိခဲ့သည်။ မူးယစ်ဆေးဝါးများသယ်ဆောင်လာသူ ထွန်းကျော်အား မူဆယ်မြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ ထွန်းကျော်သည် တာဝန်ရှိသူ များမှ ရပ်တန့်ရှာဖွေမှုပြုလုပ်ရာတွင် ထွက်ပြေးတိမ်းရှောင်ရန် ကြိုးစားခဲ့သဖြင့် မူးယစ်အထူးအဖွဲ့များမှ လုံးထွေးဖမ်းဆီးခဲ့ရကြောင်း နမ့်အွမ်ကျေးရွာ မှ ဒေသခံများထံမှ သိရသည်။

No comments:

Post a Comment