Pages

Monday, February 18, 2013

အာဆီယံ ရုပ်သေးပွဲတော် ချင်းမိုင် တက္ကသိုလ်မှာ ကျင်းပမယ်


အာဆီယံ ရုပ်သေးပြပွဲ (၂၀၁၃ ခုနှစ်) ကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ရှိ ချင်းမိုင်တက္ကသိုလ်အတွင်းရှိ Art Center မှာ လာမယ့် ဖေဖော်ဝါရီလ ၂၂၊ ၂၃၊ ၂၄ ရက်နေ့တို့မှာ ကျင်းပသွားဖို့ ရှိပါတယ်။ 

ဓာတ်ပုံ- အိမ့်သံစဉ်/ဧရာဝတီ

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီက ည ၉ နာရီအထိ တကြိမ်နဲ့ ဖေဖော်ဝါရီလ ၂၃၊ ၂၄ ရက်နေ့တို့ မှာ မနက် ၁၀ နာရီမှ ည ၉ နာရီထိကျင်းပသွားဖို့ ရှိပါတယ်။ အာဆီယံ ၁၀ နိုင်ငံရဲ့ ရုပ်သေး ရုပ်ကလေး တွေနဲ့ 
ရုပ်သေးကဟန်၊ ကကွက်တွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရှု့ခံစားရမှာ ဖြစ်ပါတယ်။ 


အခုလို အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ ရုပ်သေး အနုပညာကို ထိမ်းသိမ်းမှုနဲ့ပတ်သက်လို့လည်း ချင်းမိုင် တက္ကသိုလ်ကျောင်းသားတွေက ချင်းမိုင်ရဲ့ တနင်္ဂနွေညဈေးမှာ အခုလို လှုပ်ရှားမှုတွေလည်း လုပ်နေပါ တယ်။  






 
ဧရာဝတီ

No comments:

Post a Comment