Pages

Monday, February 18, 2013

(၆၆)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား(တိုကျို)





ဂျပန်နိုင်ငံရောက် မွန်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၆၆)နှစ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို တိုကျို TOSHIMA-KU , KUMIN CENTER - 6F,ခမ်းမ၌ ယနေ့ မွန်းလွှဲ၌ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
 
ယနေ့အခမ်းအနားတွင် ခေတ်အဆက်ဆက် မွန်လူမျိုးသားတို့၏ နောက်ခံသမိုင်းကြောင်းများတို့ကို မွန်ဘာသာဖြင့် ဟေယပြောသွားခဲ့ကြသလို ခေတ်ကာလ အလိုက် မွန်အမျိုးသားများ ဆင်းသက်လာပုံ၊ အမျိုးသားရေး လှုပ်ရှားမှုများကို powerpoint ဖြင့် ရှင်းလင်း တင်ပြခဲ့ကြသည်။

အခမ်းအနားသို့ ဂျပန်ရှိ ဒီမိုကရေစီအင်အားစုများနှင့် တိုင်းရင်းသားအဖွဲ့များတို့ပါ ပူးပေါင်းတက်ရောက်ပါဝင်ခဲ့ကြပြီး ယဉ်ကျေးမှုဖျော်ဖြေရေး အစီအစဉ်များနှင့်အတူ အစားအသောက်များတို့ဖြစ် ပြန်လည် ဧည့်ခံ ကျွေးမွေခဲ့ကြောင်း သိရသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum / Ko Thar Htet

No comments:

Post a Comment