Pages

Thursday, February 21, 2013

နမ္မတူမြို့နယ်ရှိ ကားဂိတ်များတွင် ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဆက်ကြေးကောက်ခံ

ဖေဖော်ဝါရီ(၂၁)
ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဆက်ကြေးတောင်းသည့်စာ(ရှမ်းဘာသာ)


ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် နမ္မတူမြို့ ငွေရတနာမန်း ကားဂိတ် များအား ဆက်ကြေး ပေးရန် စာပို့ထားကြောင်း သိရသည်။

ငွေရတနာမန်းကားဂိတ်(၃)ဂိတ်ရှိပြီး မှန်လုံကားအကြီး၊ မှန်လုံကားအလတ်နှင့် မှန်လုံကားအသေး များ ပြေးဆွဲနေကြောင်း သိရသည်။ နမ္မတူ - လားရှိုးလမ်းအတိုင်း ပြေးဆွဲနေပြီး ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)အဖွဲ့မှ မှန်လုံကားအကြီး တစ်စီး လျှင် ၁၀၀၀၀၀ ကျပ်၊ မှန်လုံ ကားအလတ် တစ်စီးလျှင် ၇၀၀၀၀ ကျပ်၊ မှန်လုံကားအသေးတစ်စီးလျှင် ၅၀၀၀၀ ကျပ် ပေးဆောင်ရန်နှင့် ကျသင့်ငွေကို ဂိတ်မှူး များမှ ကောက်ခံပြီး နားကွန်ရွာသို့ လာရောက်ပေးသွင်း ရန် ပြောကြားထားကြောင်း သိရ သည်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့ည နောက်ဆုံးငွေပေးရန်နှင့် ပျက်ကွက်ပါက ယာဉ်အသွားအလာ အား ပစ်ခတ်နှောင့် ယှက်မည်ဟု ပြောဆိုထားကြောင်း ဒေသခံ များ ထံမှ သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့ အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရယူထားသော် လည်း ယခုကဲ့သို့ ဆက်ကြေးကောက်ခံခြင်း၊ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်ခြင်း၊ အတင်းအဓမ္မလူသစ်စုဆောင်းခြင်းများ ဆောင်ရွက်နေခြင်းကြောင့်တပ်မတော်စစ်ကြောင်းများနှင့် ဖေဖော်
ဝါရီ လ (၁၉၊ ၂၀) ရက်များတွင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအရေအတွက် အကြိမ်(၈၀)ကျော်ပြီဖြစ်ပြီး တိုက်ပွဲတိုင်းတွင် တပ်မတော်စစ်ကြောင်းများမှ စတင်ပစ်ခတ်ကြောင်း၊ ၄င်းတို့နယ်မြေအတွင်းကျူးကျော်သည့်အတွက်ဖြစ်ကြောင်း တို့ကိုသာ ပြော ဆိုနေသော ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ သည် ယခုကဲ့သို့ ဆက်ကြေးကောက်ခံခြင်း၊ လူသစ် စုဆောင်းခြင်း၊ မူးယစ်ဆေးဝါးရောင်း ၀ယ်ခြင်းများဆောင် ရွက်နေကြောင်း ကိုတော့ တစ်ကြိမ်တစ်ခါမှ ထုတ်ဖော်ပြောဆိုခြင်း မရှိ ကြောင်း သိရသည်။

No comments:

Post a Comment