Pages

Monday, February 18, 2013

ကြည်မြင့်တိုင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား

ဖေဖော်ဝါရီ(၁၈)

ကြည်မြင့်တိုင်မြို့နယ်၊ အနောက်ရတနာပုံလမ်းရှိ၊ တိုက်အမှတ်၊ ၃၁(A)
၅ လွှာတွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေသုံးနာရီခွဲ ၀န်ကျင်းခန့်က မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမီးလောင်ကျွမ်းမှု ဖြစ်ပွားရခြင်း အကြောင်းရင်းမှာ ခြင်ဆေးခွေမီး ထွန်းရာမှတဆင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း ကြည်မြင့်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အနောက်ရတနာပုံလမ်းရှိ ရာအိမ်မှူးဖြစ်သူ ဦးတိုးအောင်က “မီးခိုးတွေ ၀ရံတာကနေ အူထွက်လာတယ်။ အဲဒါနဲ့ ကျွန်တော်တို့လည်း မီးလောင်တာလို့ သိလိုက်တော့ မီးသတ်တပ်ဖွဲ့ကို ဖုန်းဆက်ပြီး အကြောင်းကြား ခဲ့ပါတယ်။ လူအသေအပျောက်တော့ မရှိပါဘူး” ဟု ပြောသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ပျက်စီးဆုံးရှုံးမှု စာရင်းမှာ အတိအကျ မသိရှိနိုင်သေးကြောင်း၊ မီးလောင်မှု ဖြစ်စဉ်အတွင်း လူထိခိုက်မှုနှင့် သေဆုံးမှု မရှိကြောင်း ကြည့်မြင်တိုင်မြို့နယ် မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက
ပြောသည်။

ဓာတ်ပုံ - မီးလောင်ကျွမ်းမှုအားမီးသတ်ယာဉ်ဖြင့်ငြှိမ်းသတ်နေစဉ်
Eleven Media Group
ကြည်မြင့်တိုင်မြို့နယ်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွား
Monday, 18 February 2013

No comments:

Post a Comment