Pages

Thursday, February 7, 2013

“ ဆော်လမွန်ကျွန်းစုတွင် ဆူနာမီရေလှိုင်းကြောင်း အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့”

ဖေဖော်ဝါရီ(၇)

ဆော်လမွန်ကျွန်းစု နိုင်ငံတွင် ဆူနာမီ ရေလှိုင်းများ ဝင်ရောက် ရိုက်ခတ်
ပြီးနောက် ယခုအခါ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်
နေပြီ ဖြစ်သည်။ ယမန်နေ့က ဖြစ်ပွားခဲ့သော ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းများရိုက်ခတ်မှုအတွင်း လူပေါင်းအနည်းဆုံး (၆)ဦး သေဆုံး
ခဲ့ကြောင်း နိုင်ငံ အာဏာပိုင်များက ဆိုသည်။

အဆိုပါ ကျွန်းနိုင်ငံတွင် ကြာသပတေးနေ့အထိ ငလျင်နောက်ဆက်တွဲ တုန်ခါမှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဟုလည်း သိရှိရသည်။ နိုင်ငံပိုင် ဆန်တာခရုဇ် ကျွန်းစု ဒေသတွင် (၁)မီတာမျှ အမြင့်ရှိသော လှိုင်းများ ဝင်ရောက် ရိုက်ခတ်သဖြင့် ရွာအချု့ ပျက်စီးခဲ့ကြောင်းလည်း သတင်းများက
ဖော်ပြခဲ့သည်။

Planet Myanmar Network

No comments:

Post a Comment