Pages

Friday, March 1, 2013

လားဟူ တိုင်းရင်းသား ဘာသာ စကားနှင့် စာပေ အခြေခံ ပညာ မူလတန်း သင်ရိုးတွင် သင်ကြား ပေးသွားရန် စီစဉ်

မတ်(၁)
လားဟူရိုးရာ နှစ်သစ်ကူးမှပုံ
မြန်မာ တိုင်းရင်းသား တစ်မျိုးဖြစ် သည့် လားဟူ တိုင်းရင်းသား များ၏ ဘာသာစကားနှင့် စာပေကို ယင်းတိုင်းရင်းသားများ အဓိက နေထိုင်ရာ ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသ အတွင်းရှိ အခြေခံ ပညာ မူလတန်း ကျောင်းများတွင် သင်ရိုး တစ်ခု အနေဖြင့် ထည့်သွင်း သင်ကြား ပေးသွားရန် သင်ရိုး ညွှန်းတမ်းများ ရေးဆွဲလျက် ရှိကြောင်း လားဟူ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ ယားဘူးရှီးက ပြောကြားခဲ့သည်။ 

လားဟူ တိုင်းရင်းသား တွေထဲမှာ အဓိက မျိုးနွယ်စု အနေနဲ့ လားဟူ အဝါနှင့် လားဟူအနက် ဆိုပြီးတော့ ကွဲသွားတာ ရှိတယ်။ ဒါပေမဲ့ စာပေနှင့် ယဉ်ကျေးမှု ကတော့ မကွာဟ ကြပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ အနေနဲ့ကလည်း အဓိက ဆောင်ရွက် နေတာကတော့ ဘာသာစကား၊ ဝတ်စား ဆင်ယင်မှု၊ ရိုးရာဓလေ့ ထုံးစံတွေနဲ့ စာပေပေါ့။ ဒါတွေကို အဓိက ထားပြီးတော့ ထိန်းသိမ်းနိုင်ဖို့ တနင်္ဂနွေ သင်တန်းတွေဖွင့်တယ်။ ပြည်ထောင်စု အစိုးရရဲ့ ခွင့်ပြုချက်နှင့် ပြည်နယ် အစိုးရနှင့် ပူးပေါင်းပြီးတော့ လားဟူတိုင်းရင်းသားတွေ အဓိက နေထိုင်ရာ ဒေသတွေမှာ ရှိနေတဲ့ မူလတန်း ကျောင်းတွေမှာ လားဟူ စာပေနှင့် ဘာသာစကားကို အခြေခံ ပညာ အဆင့်အနေနဲ့ သင်ကြား နိုင်အောင် စီစဉ်နေတာ ဖြစ်ပါတယ်''ဟု ဒေါက်တာ ယားဘူးရှီးက ပြောပြကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment