Pages

Thursday, February 28, 2013

သေဆုံးခဲ့သည့် ရဲတပ်သား ရဲကျော်သူ၏ ဖြစ်စဉ်အား လူသတ်မှုဖြင့် အမှုဖွင့်မည်ဟု ဒုတိုင်းရဲမှူးကြီးပြော

ဖေဖော်ဝါရီ(၂၈)


မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ဖြစ်ပွားနေသော ပဋိပက္ခကြောင့် ဓားဒဏ် ရာဖြင့်သေ ဆုံးခဲ့ရသော ရဲတပ်သား ရဲကျော်သူ ၏ဖြစ်စဉ်အပေါ် ကျူးလွန်သူအား လူသတ်မှုဖြင့် အမှုဖွင့် အေ ရး ယူဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံး ဒုတိုင်းရဲမှုးကြီးက ပြောသည်။
 " ဒီေ န့ မနက် ၉ နာရီကျော်ကျော်မှာ သေဆုံးသွားပါတယ်၊ ဥပဒေအတိုင်းပဲ လုပ်ရမှာပေါ့" ဟု၎င်းကပြော သည်။ 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာ အုပ်စုရှိ ကျေးရွာ များမှ ဒေသခံများ၏ သိမ်းဆည်း ခံထားရသည့် လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ဆက်စပ်ပြီးေ ဖဖော်ဝါရီလ ၂၆ ရက်နေ့ တွင် တောင်းဆိုမှု ပြုလုပ်ခဲ့ရာ သက်ဆိုင်ရာက ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ များ အကြား ပဋိပက္ခ ဖြစ်ပွားလျက်ရှိကြောင်းသိရကာ ပဠိပက္ခ ကြောင့် ရဲတပ်ဖွဲ့မှ ဒဏ်ရာရရှိသူ၁၄ ဦးကို အတွင်း လူနာအဖြစ်လည်းကောင်း၊၁၃ ဦးကို ပြင်ပလူနာအဖြစ် လည်းကောင်း၊ဒေသခံတောင်သူများမှ ၁၅ ဦးကြို ပင်ပလူနာအဖြစ် မအူပင်ဆေးရုံတွင် ကုသနေရကြောင်း မအူပင် မြို့နေ ဒေသခံတစ်ဦးက ပေါ်ပြူ လာ နယူးစ်ဂျာနယ် သို့ပြောကြားသည်။
 
From:Popular News Jouranl

No comments:

Post a Comment