ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ အစုအဖွဲ့ (ယာယီ) ဒုတိယအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၌ ဖေဖော်ဝါရီလ ၆ရက်နေ့ နံနက် ၁၀း၀၀ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ နန့်စမ်မြို့ရှိ ပလောင်လက်ဖက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူ အယောက် (၅၀) ဝန်းကျင်နှင့် (UMFCCI)ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ် ရောင်းချသူများ စုစုပေါင်း အယောက် ၁၀၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြပြီး တောင်သူတဦးမှ တရုတ်နိုင်ငံမှ တရားမဝင် တင်ပို့ရောက်ရှိလာသော လက်ဖက်များကြောင့် အဆင်မပြေဖြစ်နေရကြောင်းကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။
BURMA VJ MEDIA

No comments:
Post a Comment