Pages

Monday, February 25, 2013

မြန်မာပြည်ရှိ ပေါ်တူဂီဒင်္ဂါး (တန်ဖိုး - ကန်ဒေါ်လာ ၄.၂ သန်း)

ဖေဖော်ဝါရီ(၂၅)
 Ads.com.mmမှ တွေ့လိုက်လို့ပါ။ ပေါ်တူဂီတို့ မြန်မာပြည်ကိုကျူးကျော်ဝင်ရောက်စဉ် နှစ်မြှုပ်ခဲ့တဲ့ ပေါ်တူဂီ သင်္ဘောမှ ရရှိခဲ့ ဒင်္ဂါးလို့ ဆိုပါတယ်။ ဒီတော့ ခေတ်ကာလက ၁၆ ရာစု (၁၈၆၈ ခုနှစ် ဝန်းကျင်) ဖြစ်ပါတယ်။

လက်ရှိ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၄.၂ သန်းနဲ့ ဝယ်ယူလိုသူ များ ရှိနေပြီး ကမ္ဘာ့ရှားပါး ဒင်္ဂါးလို့ဆိုပါတယ်။ ဒင်္ဂါးဆိုလို့ သေးသေးလေး မဟုတ်ပါဘူး။ လက်တစ်ဖဝါးစာ မကကြီးပါတယ်။ ထုတ်လုပ်တဲ့ ခုနှစ်ကိုလည်း ၁၈၆၈ ခုနှစ်ဆိုပြီး ထည့်သွင်းရိုက်နှိပ်ထားပါတယ်။

ယခင် ကမ္ဘာကိုလွမ်းမိုးဖို့ နယ်ချဲ့ တဲ့ နိုင်ငံတွေထဲမှာလည်း ပေါ်တူဂီဟာ ဆရာ တစ်ဆူ ဖြစ်ပြီး အာရှမှာ နယ်မြေတော်တော်များများ ရရှိခဲ့ဖူးပါတယ်။ လက်ရှိ အာရှတိုက်တွင်းမှာတော့ ပေါ်တူဂီရဲ့  လက်ကျန် ရှေးဟောင်း အမွေ အနှစ်များ ရှားပါးနေပြီမို့ တန်ဖိုးကြီးပစ္စည်းများ အဖြစ် သတ်မှတ် ထားကြကြောင်း သိရပါတယ်။ 
palaung nation

No comments:

Post a Comment