Pages

Friday, February 8, 2013

ဆယ်ကျော်သက်များ အိပ်ရေးဝဝ အိပ်ဖို့လို

ဆယ်ကျော်သက် ရွယ်တို့တွင် စိတ်ကောက်ခြင်း၊ စူအောင့်ခြင်းနှင့် သုန်မှုန် နေခြင်းတို့ကို ဖြစ်ပေါ်ရသည့် အကြောင်းမှာ အိပ်ရေး မဝသောကြောင့် ဖြစ်ကြောင်း သိရသည်။
ကျွမ်းကျင် သူတို့၏ အဆိုအရ ဆယ်ကျော်သက် လူငယ်များ စိတ်ဆိုး ဒေါသထွက်ခြင်း၊ စကား နည်းခြင်းတို့ ဖြစ်ပေါ်နေပါက သူတို့ အနေဖြင့် ကောင်းစွာ အနားယူခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည် ဟုဆိုသည်။ ထိုသို့သော ဆယ်ကျော်သက်တို့ကို မည်ကဲ့သို့ သင့်တင့် လျောက်ပတ်စွာ အိပ်ရမည် ဆိုသည်ကို အသိပညာ ပေးရမည် ဟုလည်း ဆိုသည်။
ဆယ်ကျော်သက် လူငယ်တို့ကို တစ်နေ့လျှင် အနည်းဆုံး ကိုးနာရီခန့် အိပ်စက်ရမည် ဖြစ်သကဲ့သို့ ညဘက်တွင် မိုဘိုင်းလ်ဖုန်း၊ လက်တော့ပ် အသုံးပြုခြင်းနှင့် ဂိမ်းကစားခြင်းတို့မှ ရှောင်ကြဉ် ရမည် ဖြစ်ကြောင်း စာသင်ကျောင်း များတွင် သင်ကြား ပေးရမည် ဟုဆိုသည်။ အိပ်ရေးဝဝ လင်လင် အိပ်စက် ခဲ့ရသော ကျောင်းသားများသည် ပညာရေးနှင့် အားကစားတွင် ထူးချွန် ထက်မြက်လေ့ ရှိသည်ဟှု ကျွမ်းကျင်သူ တို့က ပြောကြား ခဲ့ကြောင်း သိရသည်။
Ref: Flower News

No comments:

Post a Comment