Pages

Monday, February 4, 2013

ကမ္ဘာ့ဒုတိယအကြီးဆုံးဟိုတယ်လုပ်ငန်းအုပ်စုက မြန်မာတွင် ဟိုတယ်ဖွင့်ရန်စီစဉ်

ဖေဖော်ဝါရီ(၄)

ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ 
ကမ္ဘာ့ဒုတိယအကြီးဆုံး ဟိုတယ်လုပ်ငန်းအုပ်စုဖြစ်သည့် Best Western International Inc. သည် ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ၎င်းတို့၏ ပထမဆုံး ဟိုတယ်ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နေမှုနှင့် မြန်မာနိုင်ငံတွင် ဟိုတယ်ခန်းများ မလုံမလောက်ဖြစ်နေမှု အခြေအနေအပေါ် Best Western က ဈေးကွက်အသာစီးရယူသည့် အနေဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း သိရသည်။

best western

အမေရိကန်ပြည်ထောင်စု အာရီဇိုနားပြည်နယ် ဖီးနစ်မြို့တော် အခြေစိုက် Best Western ဟိုတယ်လုပ်ငန်းအုပ်စုသည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ဟိုတယ်ဖွင့်လှစ်နိုင်ရန် စဉ်းစားနေသည်ဟု အဆိုပါ ဟိုတယ်လုပ်ငန်းအုပ်စုမှ တာဝန်ရှိသူ ဂလန်းဒီဆိုဇာက အီးမေးလ်မှတစ်ဆင့် မေးမြန်းမှုကို ဖြေကြားကြောင်း Bangkok Post တွင် ဖော်ပြသည်။ ၎င်းသည် Best Western ၏ အာရှနှင့် အရှေ့အလယ်ပိုင်းဆိုင်ရာ ဒုတိယဥက္ကဋ္ဌလည်း ဖြစ်သည်။
 www.MyanmarExpress.net

No comments:

Post a Comment