Pages

Sunday, February 10, 2013

မော်လမြိုင်တက္ကသိုလ်တွင် စစ်ပညာသင်တန်း စတင်ဖွင့်လှစ်

ဖေဖော်ဝါရီ(၁၀)

ဖေဖော်ဝါရီလ ၅ ရက်နေ့က မော်လမြိုင်တက္ကသိုလ်တွင် စစ်ပညာသင်တန်းစတင် ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ ၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်တကွ စစ်ဖက်အရာရှိများ ၊ မော်လမြိုင် တက္ကသိုလ် ပါမောက္ခချုပ်နှင့်တကွ ဆရာ/ဆရာမများ သင်တန်းသား ကျောင်းသားများ တက်ရောက်ကြပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ၊အမှတ် (၃) တက္ကသိုလ် လေ့ကျင့်ရေးတပ် (မော်လမြိုင်တက္ကသိုလ်)၌ ဖွင့်လှစ်သော သင်တန်းတွင် ဆရာ (၂၃) ဦး ၊ ကျောင်းသား (၈၇) ဦး စုစုပေါင်း (၁၁၀) ဦး သင်တန်းတက်ရောက် သင်ကြားမည်ဖြစ်ပြီး သင်တန်းကာလမှာ သင်တန်းပထမပိုင်းအဖြစ် (၅.၂.၂၀၁၃) မှ (၈.၃.၂၀၁၃) ထိ တစ်ကြိမ်၊ သင်တန်းဒုတိယပိုင်းအဖြစ် (၃.၆.၂၀၁၃) မှ (၁၇.၈.၂၀၁၃) ထိ တစ်ကြိမ် စုစုပေါင်း သင်တန်းကာလ နှစ်ကြိမ်သတ်မှတ်ထားကြောင်း သတင်းရရှိပါသည်။

စစ်ပညာသင်တန်း ပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် ထုတ်ပေးသွားမည် ဖြစ်ပြီး ဗိုလ်သင်တန်း လျောက်ပါက ဦးစားပေးမည်ကြောင်း သတင်းရရှိပါသည်။ 


မော်ncemedia

 www.MyanmarExpress.net
 

No comments:

Post a Comment