Pages

Sunday, February 24, 2013

တောင်ကြီးမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပွဲကျင်းပ

ဖေဖော်ဝါရီ(၂၄)



ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက်တွင် သတ္တမအကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် စည်ကားစွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော သတ္တမအကြိမ်မြောက်မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ကိုကျောင်းကြီး စုရပ်ကွက်၊ အဝေရာမီးပုံပျံကွင်းတွင် ဖေဖော်ဝါရီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းမှ ညနေ ပိုင်းအထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ထမနဲထိုးပြိုင်ပွဲကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်း တိုင်းမှူးဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင်အသင်းသားများ၊ ဧည့်ပရိသတ် များ၊ စုစုပေါင်းအင်အား (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ထမနဲထိုးပြိုင်ပွဲကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွဲ့ဝင်ပေါင်း (၅၇)ဖွဲ့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲတွင် ပထမဆုကို ရှမ်းပြည်နယ်အရှေ့ပိုင်းအသင်းမှလည်းကောင်း၊ ဒုတိယဆုကို ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှလည်းကောင်း၊ တတိယဆုကိုရှမ်းပြည်နယ်ပညာရေးဦးစီးဌာနမှ လည်းကောင်း အသီးသီး ရရှိခဲ့ကြပြီး ဆုများကို သက်ဆိုင်ရာတာဝန်ခံများမှ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

1 comment:

  1. ဒီကွင်းကြီးထဲမှာဘဲ တောင်ကြီးမြို့တော် တန်ဆောင်တိုင်ပွဲတော်ကိုဆက်လက်ပီးရေရှည်ကျင်းပ
    ပြုလုပ်ပေးသွားဖို့အတွက် တိုက်တွန်းနိုးဆော်ဖို့အစီအစဉ်များရှိကြပါသလား ...

    ReplyDelete