Pages

Monday, February 25, 2013

အမေရိကန် လေလံဈေးကွက်အတွင်း ရောက်ရှိနေသောပုဂံကျောက်ဂူဥမင်ဘုရားမှဗုဒ္ဓဆင်းတုတော်အား အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်

ဖေဖော်ဝါရီ(၂၅)

အမေရိကန်လေလံဈေးကွက်အတွင်းရောက်ရှိခဲ့သည့်ပုဂံကျောက်ဂူဥမင် ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသား ပြတိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှမတ်ရပ်ဗုဒ္ဓဆင်းတုတော် ပြန်လည်လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ၄နာရီကရန်ကုန်မြို့ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်သည် ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှ ၁၁ ရာစု သဲကျောက်မတ်ရပ် ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်
ခြေထောက်ဖြတ်ခိုးယူခြင်းခံရကာ မေရိကန် လေလံဈေးကွက်တွင် ရောက်ရှိ
ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုဒ္ဓဆင်းတုတော် အောက်ပိုင်းက ဒီနေ့မနက်မှ ပုဂံကနေ ရောက်တာပါ။
အောက်ခြေပိုင်းကို ပုဂံမှာရှိတဲ့ ရှေးဟောင်းသုတေသန ဌာနမှာ ထားတာပါ။ အခုတော့ ဆင်းတုတော် နှစ်ပိုင်းလုံးကို အမျိုးသားပြတိုက်၊ ခေတ်အဆက်
ဆက် ဗုဒ္ဓဆင်းတုတော်များ ပြခန်းများ ပြသထားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောပါသည်။

NIU မှ Professor Cooler, ဒေါက်တာကတ်သရင်းရေမွန်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်းနှင့်
အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၉၇၀
ပြည့်နှစ် ယူနက်စကို သဘောတူညီမှု ဘောင်အတွင်းမှ သံတမန် နည်းလမ်း အဆင်ဆင့်ဖြင့်ကြိုးပမ်းမှုတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင် နိုင်
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group
အမေရိကန် လေလံဈေးကွက်အတွင်း ရောက်ရှိနေသောပုဂံကျောက်ဂူဥမင်ဘုရားမှဗုဒ္ဓဆင်းတုတော်အား အမျိုးသားပြတိုက်သို့ ပြန်လည်လွဲပြောင်းပေးအပ်

ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၁၃

အမေရိကန်လေလံဈေးကွက်အတွင်းရောက်ရှိခဲ့သည့်ပုဂံကျောက်ဂူဥမင် ဘုရားမှ ဗုဒ္ဓဆင်းတုတော်အား Northern Illinois University (NIU) မှ Associate Professor ဒေါက်တာကတ်သရင်း ရေမွန်မှ အမျိုးသား ပြတိုက်သို့ ပြန်လည်လွဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုဂံမြို့ ကျောက်ဂူ ဥမင်ဘုရားမှမတ်ရပ်ဗုဒ္ဓဆင်းတုတော် ပြန်လည်လွဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့၊ ညနေ၄နာရီကရန်ကုန်မြို့ရှေးဟောင်း သုတေသန အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန၊ အမျိုးသား ပြတိုက် အစည်းအဝေး ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ မတ်တပ်ရပ် ဗုဒ္ဓဆင်းတုတော်သည် ပုဂံမြို့ ကျောက်ဂူဥမင်ဘုရားမှ ၁၁ ရာစု သဲကျောက်မတ်ရပ် ဗုဒ္ဓဆင်းတုတော်ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင်
ခြေထောက်ဖြတ်ခိုးယူခြင်းခံရကာ မေရိကန် လေလံဈေးကွက်တွင် ရောက်ရှိ
ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဗုဒ္ဓဆင်းတုတော် အောက်ပိုင်းက ဒီနေ့မနက်မှ ပုဂံကနေ ရောက်တာပါ။
အောက်ခြေပိုင်းကို ပုဂံမှာရှိတဲ့ ရှေးဟောင်းသုတေသန ဌာနမှာ ထားတာပါ။ အခုတော့ ဆင်းတုတော် နှစ်ပိုင်းလုံးကို အမျိုးသားပြတိုက်၊ ခေတ်အဆက်
ဆက် ဗုဒ္ဓဆင်းတုတော်များ ပြခန်းများ ပြသထားမှာ ဖြစ်ပါတယ်” ဟု အမျိုးသားပြတိုက်မှ ညွှန်ကြားရေးမှူး ဦးသောင်းဝင်းက ပြောပါသည်။

NIU မှ Professor Cooler, ဒေါက်တာကတ်သရင်းရေမွန်၊ ပြင်သစ်နိုင်ငံ ပါရီမြို့ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်စွာမင်းနှင့်
အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများ၏ ကြိုးပမ်းဆောင်ရွက်မှု၊ ၁၉၇၀
ပြည့်နှစ် ယူနက်စကို သဘောတူညီမှု ဘောင်အတွင်းမှ သံတမန် နည်းလမ်း အဆင်ဆင့်ဖြင့်ကြိုးပမ်းမှုတို့ကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ပင့်ဆောင် နိုင်
ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment