Pages

Thursday, February 21, 2013

မြို့ကြီးရဲစခန်းမှူး နှင့် အရပ်သားများ ပူးပေါင်း၍ လောင်းကစားဒိုင်ကိုင်

ဖေဖော်ဝါရီ(၂၁)


ရှမ်းပြည်နယ် တောင်ပိုင်း ရွာငံအပိုင် မြို့ကြီးကျေးရွာတွင် လောင်းကစားဒိုင်များ များပြားလျက်ရှိပါသည်။ နယ်မြေခံများမှ မြို့ကြီးစခန်းမှုး ဒုရဲအုပ်ဦးလွင်မောင်ထွေးအား အမှုဖွင့် တိုင်ကြားသော်လည်း ဖမ်းလို့ မရ
ဘူး။ ဒါကြောင့် တိုင်ချင်ရာတိုင်ဟုလည်း ပြောလွှတ်လိုက်ပါသည်။

လောင်ကစားဒိုင်များကို တာဝန်ရှိသူများက မနှိမ်နှင်း၊ မဖမ်းဆီးဘဲ လိုင်းကြေးယူ၊ ရှယ်ယာထည့်ပြီး ခွင့်ပြုနေခြင်းကို သန့် ရှင်းသောအစိုးရ ဖော်ဆောင်နေသော အစိုးရအဖွဲ့ဝင်များကို သိစေအပ်ပါသည်။



စခန်းမှုးဦးလွင်မောင်ထွေးသည် ဦးမိုး၊ ဦးအောင်သန်းဇော်၊ ဦးမြင့် အောင်၊ ဦးသိန်းဇော်၊ ဦးမောင်ငယ်
စသည့်အရပ်သား လောင်းကစားဒိုင်များ နှင့်ပေါင်းပြီး လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။
လောင်းကစားဝိုင်းများမှာ တောင်ကြီးတန်ဆောင်တိုင်မှစပြီးယခုထိတရားဝင်ပြုလုပ်လျက်ရှိကြောင်း၊ ဒေ သခံများလည်း စိတ်အနှောင့်အယှက် ဖြစ်နေပါသဖြင့် အရေးယူပေးပါရန် အကြောင်းကြားအသိပေး
လိုက် ပါသည်။

ကိုအောင်မျိုးမင်း (မြို့ ကြီးဒေသခံတစ်ဦး) 09400450311

မြို့ကြီးစခန်းမှုး ဒုရဲအုပ်ဦးလွင်မောင်ထွေး ဖုန်း 098357070


by 

No comments:

Post a Comment