Pages

Saturday, February 23, 2013

လွယ်လန်းတောင်ဒေသအား လိုင်ဇာမြို့ကဲ့သို့ ဖြစ်သွားမည်ကို တန့်ယန်းမြို့ ဒေသခံများ စိုးရိမ်နေ

ဖေဖော်ဝါရီ (၂၃)


ရှမ်းပြည်နယ် တန့်ယန်းမြို့အနီးရှိ လွယ်လန်းတောင်တလျှောက်တွင် အစိုးရတပ်များနှင့် SSA (မြောက်ပိုင်း) အဖွဲ့များ ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ စတင်ကာတိုက်ပွဲများ ဖြစ်ပွားနေပြီး ယနေ့အထိ အခြေ အနေတင်းမာ နေဆဲဖြစ်ကြောင်း သိရသည်။

မိုင်းကောင်မှ ဒေသခံတစ်ဦးက “ အရင်က ဒီလွယ်လန်းတောင်တလျှောက်မှာ ဘယ်သူမှ စခန်း ဆောက် တာတို့ လူနေတာတို့ မရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးလောက်ကစပြီး SSA (မြောက်ပိုင်း) အဖွဲ့တွေက လူနေတဲ တွေလာဆောက်တယ်။ ကျင်းတွေတူးတယ် ။ ကျွန်တော်တို့ အမဲလိုက်ဖို့တောင်ပေါ်တက်သွား ရင် ပြန်လွှတ် တယ် ။ မလာနဲ့လို့ပြောပါတယ်။ အခုဆိုရင် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတော့ ကျွန်တော် တို့ ဒေသခံတွေ အပြင်တောင်မထွက်ရဲတော့ဘူး။ အစိုးရဘက်ကတပ်တွေ အသစ်လဲတာတော့ တွေ့ရ တယ်။ အစိုးရ တပ်တွေဘက်က ၀င်တိုက်တာမျိုးမတွေ့ရဘဲ SSA (မြောက်ပိုင်း) အဖွဲ့ကပဲ တောင်ပေါ် ကနေ လက်နက် ကြီးတွေနဲ့ လှမ်းပစ်နေတယ်” ဟုပြောပြသွားပါတယ်။

SSA (မြောက်ပိုင်း) အဖွဲ့များသည် လွယ်လန်းတောင်တလျှောက် နယ်မြေကျူးကျော်လာခဲ့ပြီး သက်ဆိုင်ရာ တိုင်းမှူးသတိပေးချက်ကိုလည်း ဂရုမစိုက်တော့ကြောင်း သိရသည်။ တိုက်ပွဲများအတွင်း ပြင်းပြင်း ထန်ထန် မတိုက်ခိုက်ကြသော်လည်း SSA (မြောက်ပိုင်း) အဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့် အတွက် အနီး ပတ်ဝန်းကျင်ရှိ ရွာသားများအတွက် အန္တ ရာယ်ရှိကြောင်း ဒေသခံများမှ ပြောပြသည်။

ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ အစိုးရနှင့် SSA (မြောက်ပိုင်း) အဖွဲ့များအကြား တိုက်ပွဲဖြစ် ပွားမှု (၇) ကြိမ်ကျော်သွားပြီဖြစ်ကြောင်းနှင့် အစိုးရဘက်မှ ထိခိုက်ဒဏ်ရာရမှုများ ရှိနေကြောင်း ဒေသခံ များထံမှ သိရသည်။ အစိုးရတပ်များမှ ယခုကဲ့သို့ နယ်မြေလုံခြုံရေး တာဝန်အဖြစ်မှ စခန်းသိမ်းတိုက်ပွဲများ အသွင် ပြောင်း လဲသွားမည်ကို စိုးရိမ်နေကြပြီး တန့်ယန်းမြို့နယ်အား လိုင်ဇာမြို့ကဲ့သို့ ဖြစ်သွားမည် ကို ဒေသခံ များ ကြောက်ရွံ့နေကြကြောင်း သိရသည်။

No comments:

Post a Comment