Pages

Thursday, February 7, 2013

ပေါင်းလောင်းဆည်ရေအားလျှပ်စစ်စီမံကိန်းမှ ရေမြုပ်ဧရိယာ(၂၂)ရွာအား မြေနေရာသစ်များ ဆောင်ရွက်ပေးနေ


ဖေဖော်ဝါရီ(၇)
 အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း

မြန်မာလျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တည်ဆောက်နေသော ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ်အတွင်းရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းတွင် ရေမြုပ်ဧရိယာအတွင်းကျရောက်မည့် ကျေးရွာ (၂၂)ရွာ အား မြေနေရာများအစားထိုးဆောင်ရွက်ပေးရန် စီမံနေကြောင်းသိရသည်။

အဆိုပါ ရေမြုပ်ဧရိယာအတွင်းကျရောက်မည့် ကျေးရွာ(၂၂)ရွာမှ နှစ်ရှည်စားပင်/သီးပင်များ၊ လယ်မြေများ၊ ယာ/ကိုင်းမြေများအား တန်ဖိုးသတ်မှတ်ပေးပြီး လျှော်ကြေးပေးရန် စာရင်းကောက် ခြင်းလုပ်ငန်းများကို ရေအား လျှပ်စစ်တည်ဆောက်ရေးအဖွဲ့များ၊ ဆရာဝန်များ၊ စိုက်ပျိုးရေးဌာန၊ မြေစာရင်းဌာန၊ စီမံကိန်းဦးစီးဌာန တို့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ဇန်န၀ါရီလ ဒုတိယအပတ်မှ စတင်စာရင်းကောက်နေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း ပေါင်းလောင်းမြစ်နံဘေးတွင်တည်ရှိသော ရေမြုပ်ဧရိယာ(၂၂)ရွာမှာ အနိမ့်ပိုင်းတွင် ကျရောက်နေပြီးလက်ရှိအစားထိုးဆောင်ရွက်ပေးနေသည့် မြေနေရာမှာ ပေါင်းလောင်းမြစ် ရေမျက်နှာပြင်ထက်ပို
 မြင့်သောနေ ရာဖြစ်သည်။ အသစ်တည်ဆောက်ပေး နေသော ကျေးရွာအသစ်များတွင် စေတီပေါင်း(၂၁)ဆူ၊ ဇရပ်(၁၂)ဆောင်၊ ဘုန်းကြီးကျောင်း(၁၇) ကျောင်း၊ စာသင်ကျောင်း(၁၈)ကျောင်း၊ ကျောင်း ဆရာ/ဆရာမ များ နေအိမ်(၃)လုံး၊ ဆေးပေးခန်း (၂)ခန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး(၂)ရုံးတို့အပြင် တစ်ရွာနှင့်တစ်ရွာ ဆက် သွယ်သောလမ်းများ၊ တံတားများ၊ အခွန်လွတ်ဈေးများကိုပါ ဆောက်လုပ်ပေးနေကြောင်း သိရသည်။ ကျေးရွာ များမှ အိမ်ထောင်စုစာရင်းများအလိုက် မြေကွက်နေရာများသတ်မှတ်ပေးထားပြီးအမြန်ဆုံးပြောင်းရွေ့ နိုင်ရေး 
 ဆောင်ရွက်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

No comments:

Post a Comment