Pages

Friday, February 22, 2013

ဘိန်းဖြူများ သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးကိုဖမ်းမိ

ဖေဖော်ဝါရီ(၂၂)
လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကိုရှာဖွေစစ်ဆေးရာဆိုင်ကယ်ကြား၌ညှပ်၍သယ်လာသော စောင်အိတ်နှစ်အိတ်ထဲရှိ 
 ရောင်စုံပလပ်စတစ်ခွက်ထဲမှဘိန်းဖြူအမှုန့်များကိုရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟုလားရှိုးရဲစခန်းမှတာဝန်
ရှိသူများက ပြောကြား သည်။

ယမန်နေ့ည ၆း၃၀နာရီခွဲ အချိန်၌ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအထွက် ကျောက်တောင်အနီးတွင် မူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိထား၍ စောင့်ဆိုင်းနေစဉ် ဆွေမြင့်မောင်းနှင်လာ၍ နောက်က စိုးထွန်းစီးနှင်းလိုက်ပါလာသော လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးအား အသိသက်သေများနှင့် ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဆိုင်ကယ်ခွကြား၌ ညှပ်၍ သယ်ဆောင်လာသော စောင်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်များထဲမှ ဘိန်းဖြူအမှုန့်များကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန်(၁၂)ဂရမ်စီ ပါသော ဆပ်ပြာခွက်(၇၇)ခွက်နှင့် အလေးချိန်(၉၂၄)ဂရမ် တန်ဖိုးအားဖြင့် ၁၇၅သိန်းကျော် ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါး သယ်ဆောင်ရောင်း ၀ယ်သူ ထိုနှစ်ဦးအား လားရှိုးမြို့ အမှတ်(၂)ရဲစခန်းက မူးယစ်(ပ)၂၅/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ဘိန်းဖြူများ သယ်ဆောင်လာသူ ဆိုင်ကယ်သမားနှစ်ဦးကိုဖမ်းမိ

လားရှိုး၊ ဖေဖော်ဝါရီ၊ ၂၂။

လားရှိုးမြို့၊ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ ကြိုတင်သတင်းရရှိ 
ထားချက်အရ မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးကို ရှာဖွေစစ်
ဆေးရာ ဆိုင်ကယ်ကြား၌ ညှပ်၍သယ်လာသော စောင်အိတ် နှစ်အိတ်ထဲရှိ ရောင်စုံပလပ်စတစ် ခွက်ထဲမှဘိန်းဖြူအမှုန့်များကို 
ရှာဖွေဖမ်းဆီး တွေ့ရှိခဲ့သည်ဟု လားရှိုးရဲစခန်းမှ တာဝန်ရှိသူများ
က ပြောကြားသည်။

ယမန်နေ့ည ၆း၃၀နာရီခွဲ အချိန်၌ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာ
အထွက် ကျောက်တောင်အနီးတွင် မူးယစ်(အထူး)အဖွဲ့မှ ကြိုတင်
သတင်းရရှိထား၍ စောင့်ဆိုင်းနေစဉ် ဆွေမြင့်မောင်းနှင်လာ၍ 
နောက်က စိုးထွန်းစီးနှင်းလိုက်ပါလာသော လိုင်စင်မဲ့ ဆိုင်ကယ်
တစ်စီးအား အသိသက်သေများနှင့် ရှာဖွေစစ်ဆေးခဲ့ခြင်း ဖြစ်
ကြောင်း သိရသည်။ 

၎င်းဆိုင်ကယ်ခွကြား၌ ညှပ်၍ သယ်ဆောင်လာသော စောင်အိတ်
ထဲရှိ ရောင်စုံပလပ်စတစ် ခွက်များထဲမှ ဘိန်းဖြူအမှုန့်များကို  ရှာဖွေတွေ့ရှိခဲ့သည်။ ဆပ်ပြာခွက် တစ်ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန်(၁၂)ဂရမ်စီ ပါသော ဆပ်ပြာခွက်(၇၇)ခွက်နှင့် အလေးချိန်(၉၂၄)ဂရမ် တန်ဖိုးအားဖြင့် ၁၇၅သိန်းကျော် ရှိကြောင်း သိရသည်။ 

အဆိုပါ တရားခံနှစ်ဦးမှ တရားခံဆွေမြင့်သည်လွန်ခဲ့သော 
တစ်နှစ်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်ရှိ 
ခလရ(၄၂) တပ်ရင်းမှ တပ်ပြေးစစ်သားတစ်ဦး ဖြစ်နေ
သည်ဟု လည်းသိရသည်။ မူးယစ်ဆေးဝါး သယ်ဆောင်
ရောင်းဝယ်သူ ထိုနှစ်ဦးအား လားရှိုးမြို့ အမှတ်(၂)ရဲစခန်းက မူးယစ်(ပ)၂၅/၂၀၁၃၊ မူးစိတ်ပုဒ်မ၁၅/၁၉(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

                                                                                             ထွန်းထွန်း
MYANMAR AGE

No comments:

Post a Comment