Pages

Thursday, February 14, 2013

ပြင်သစ်မှာ ဆောက်မယ့် စပရင်တံတား

Photo: ပြင်သစ်မှာ ဆောက်မယ့် စပရင်တံတား 

ဒီတံတားသာ တကယ်ဆောက်ဖြစ်မယ်ဆိုရင် လူစည်တော့မှာပါပဲ။ ပြီးတော့ ခရီးရောက်ဖို့ဆိုရင် လွယ်မယ့်အနေအထား မဟုတ်ပါဘူး။ တံတားပေါ်မှာ ခုံရင်း ပျံရင်းနဲ့ပဲ တစ်ဖက်ကမ်းကို ရောက်ရင်ရောက်၊ မရောက်ရင် ရေထဲ ကျနိုင်မယ့် တံတား ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံက Seine မြစ်တစ်နေရာမှာ ဆောက်လုပ်မယ်လို့ ဆိုပြီး ပြင်သစ် ဒီဇိုင်းနာ Atelier Zündel Cristea ကပဲ ဖန်တီးခဲ့တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရတဲ့ အတိုင်း Trampoline စပရင် ဖျင်ချပ်လိုမျိုးကို တံတားပမာ ခပ်ရှည်ရှည် ပြုလုပ်ပြီး ခင်းထား ပါတယ်။ ရေထဲ ကျဖို့တော့ ခဲတယ်လို့ဆိုပါတယ်။ ဘေးမှာ ခပ်မြင့်မြင့် နဲ့ တားထားတဲ့အတွက် အားကစားသမားလို စတန့်နဲ့ ခုန်မှ ကျနိုင်မယ့် တံတားလို့ဆိုပါတယ်။ 

အောက်မှာ ခင်းထားတာက ဖိုက်ဘာဖျင်ချပ်ဖြစ်ပြီး ပျော့ပျော့ပြောင်းပြောင်း ဖြစ်တဲ့အတွက် လမ်းလျှောက်လို့တော့ မရပါဘူး။ ခုန်ပြီးတော့ သွားရမယ့် တံတား ဖြစ် ပါတယ်။ ဆောက်တာ မဆောက်တာထက် Atelier ရဲ့  ဒီဇိုင်းကတော့ ရေပန်း စားသွားပါတယ်။ ပြင်သစ်မှာ တကယ် ဆောက်ပြီးတဲ့ခါ လူစည်မယ့် တံတားလား၊ ကြောက်လို့ လူနည်းတဲ့ တံတား ဖြစ်မလားဆိုတာ မသိနိုင်သေးကြောင်း သိရပါတယ်။ 
--
Ref: designfacats
International news for myanmar

http://www.innewsmyanmar.com/2013/02/blog-post_1635.html

No comments:

Post a Comment