Pages

Thursday, February 21, 2013

ကြွက်များတွင် ဆဋ္ဌမအာရုံရှိကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ

ဖေဖော်ဝါရီ(၂၁)
သိပ္ပံပညာရှင်များက ကြွက်များတွင် ဆဋ္ဌမအာရုံတစ်မျိုးကို တွေ့ရှိခဲ့ရရာ ယင်းက အမြင်အာရုံမပါဘဲ အလင်းကို စုံစမ်းထောက်လှမ်းနိုင်သည့်အပြင် 'တယ်လီပက်သီ' ဟုခေါ်သည့် စိတ်စွမ်းအင်တစ်မျိုး ကိုပင် ဖွဲ့စည်းဖြစ်ပေါ်စေနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

သူတို့သည် အထိအတွေ့အာရုံကို ထိန်းချုပ်သော ကြွက်၏ ဦးနှောက်အစိတ်အပိုင်းသို့ မမြင် ရ သည့် အနီအောက် ရောင်ခြည်အတွက် စုံစမ်းထောက်လှမ်းရေး ကိရိယာများ ထည့်သွင်းကာ စမ်းသပ်ခဲ့ခြင်း
ဖြစ်သည်။ အလင်းရောင်ခြည် ထိတွေ့လာသည့်အခါ ကြွက်များသည်နှုတ်ခမ်းမွေး တထောင်ထောင် လုပ်ကာ သူတို့အနေဖြင့် ထိတွေ့မှုကို ရရှိကြောင်း ပြသကြသည်။ ယင်းနောက် မကြာမီသူတို့သည် အထိအတွေ့၏ရင်းမြစ်ကို စတင်စုံစမ်းပြီးယင်းအချက်ပြမှု ဖြစ်ပေါ်ရာဆီသို့ ရွေ့လျားကြောင်း
တွေ့ရှိရသည်။

အာရုံကြော ဇီဝဗေဒပညာရှင် မီဂွယ်နီကိုးလစ်က ကြွက်များသည် ဆဋ္ဌမအာရုံရှိကာ မမြင်ရသည့် အနီအောက်ရောင်ခြည်ကို စုံစမ်းထောက်လှမ်းနိုင်ပြီး အချင်းချင်းလည်း စိတ်ဖြင့် ဆက်သွယ်နိုင်ဖွယ် ရှိကြောင်းပြောကြားခဲ့သည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်မှ သူ၏အဖွဲ့က ယင်းသည် တိရစ္ဆာန်များ၌ အခြားအာရုံများရှိကြောင်း ပထမဆုံး တွေ့ရှိချက်ဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာနီကိုးလစ်က ယခုတွေ့ရှိချက်ကို တယ်လီပက်သီတစ်မျိုး ဖွဲ့စည်းနိုင်သည်ဟူသော ဦးနှောက်အချင်းချင်း ဆက်သွယ်မှု သဘောတရားအဖြစ် ချဲ့ထွင်တွေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။ သူက ယခုတွေ့ရှိ ချက်ကြောင့် တစ်နေ့နေ့တွင် လေဖြတ်နေသူများအား အရာဝတ္ထုများကို ခံစားနိုင်မှု ပြန်လည်ရရှိအောင် ပြုလုပ်ပေးနိုင်လာလိမ့်မည်ဟု ဆိုသည်။ အမြင်အာရုံနှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်း ချွတ်ယွင်းသွားသောကြောင့် အမြင်အာရုံ ချို့တဲ့နေသူများ၌လည်း အခြားအပိုင်း၌ ကိရိယာတပ်ဆင်၍ အမြင်အာရုံ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

Nature Communications ဂျာနယ်တွင် ဖော်ပြခဲ့ပြီး အမေရိကန် သိပ္ပံတိုးတက်ရေးအဖွဲ့ (AAAS) ၏ ဘော်စတွန်မြို့၌ ကျင်းပသော ညီလာခံတွင်ကြေညာခဲ့သည့် ယင်းစမ်းသပ်မှု၌ ကြွက်ခြောက်ကောင် ကို စမ်းသပ်ခဲ့ခြင်းဖြစ်သည်။

eleven media group
ကြွက်များတွင် ဆဋ္ဌမအာရုံရှိကြောင်း သိပ္ပံပညာရှင်များ တွေ့ရှိ
Thursday, 21 February 2013

သိပ္ပံပညာရှင်များက ကြွက်များတွင် ဆဋ္ဌမအာရုံတစ်မျိုးကို တွေ့ရှိခဲ့ရရာ ယင်းက အမြင်အာရုံမပါဘဲ အလင်းကို စုံစမ်းထောက်လှမ်းနိုင်သည့်အပြင် 'တယ်လီပက်သီ' ဟုခေါ်သည့် စိတ်စွမ်းအင်တစ်မျိုးကိုပင် ဖွဲ့စည်းဖြစ်ပေါ်
စေနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

သူတို့သည် အထိအတွေ့အာရုံကို ထိန်းချုပ်သော ကြွက်၏ ဦးနှောက်
အစိတ်အပိုင်းသို့ မမြင်ရသည့် အနီအောက် ရောင်ခြည်အတွက် စုံစမ်းထောက်လှမ်းရေး ကိရိယာများ ထည့်သွင်းကာ စမ်းသပ်ခဲ့ခြင်း
 ဖြစ်သည်။ အလင်းရောင်ခြည် ထိတွေ့လာသည့်အခါ ကြွက်များသည်
 နှုတ်ခမ်းမွေး တထောင်ထောင်လုပ်ကာ သူတို့အနေဖြင့် ထိတွေ့မှုကို ရရှိကြောင်း ပြသကြသည်။ ယင်းနောက် မကြာမီသူတို့သည် အထိအတွေ့၏
 ရင်းမြစ်ကို စတင်စုံစမ်းပြီးယင်းအချက်ပြမှု ဖြစ်ပေါ်ရာဆီသို့ ရွေ့လျားကြောင်း
 တွေ့ရှိရသည်။

အာရုံကြော ဇီဝဗေဒပညာရှင် မီဂွယ်နီကိုးလစ်က ကြွက်များသည် ဆဋ္ဌမ
အာရုံရှိကာ မမြင်ရသည့် အနီအောက်ရောင်ခြည်ကို စုံစမ်းထောက်
လှမ်းနိုင်ပြီး အချင်းချင်းလည်း စိတ်ဖြင့် ဆက်သွယ်နိုင်ဖွယ်ရှိကြောင်း
 ပြောကြားခဲ့သည်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Duke တက္ကသိုလ်မှ သူ၏အဖွဲ့က ယင်းသည် တိရစ္ဆာန်များ၌ အခြားအာရုံများရှိကြောင်း ပထမဆုံး တွေ့ရှိချက်ဖြစ်သည်ဟု ဆိုသည်။

ဒေါက်တာနီကိုးလစ်က ယခုတွေ့ရှိချက်ကို တယ်လီပက်သီတစ်မျိုး ဖွဲ့စည်းနိုင်သည်ဟူသော ဦးနှောက်အချင်းချင်း ဆက်သွယ်မှု သဘောတရားအဖြစ် ချဲ့ထွင်တွေးယူနိုင်ကြောင်း ပြောကြားခဲ့သည်။ သူက ယခုတွေ့ရှိ ချက်ကြောင့် တစ်နေ့နေ့တွင် လေဖြတ်နေသူများအား အရာဝတ္ထုများကို ခံစားနိုင်မှု ပြန်လည်ရရှိအောင် ပြုလုပ်ပေးနိုင်လာလိမ့်
မည်ဟု ဆိုသည်။ အမြင်အာရုံနှင့်ဆိုင်သော ဦးနှောက်အစိတ်အပိုင်း ချွတ်ယွင်းသွားသောကြောင့် အမြင်အာရုံ ချို့တဲ့နေသူများ၌လည်း အခြားအပိုင်း၌ ကိရိယာတပ်ဆင်၍ အမြင်အာရုံ ပြန်လည်ရရှိအောင် လုပ်ဆောင်ပေးနိုင်မည်ဟု ဆိုသည်။

Nature Communications ဂျာနယ်တွင် ဖော်ပြခဲ့ပြီး အမေရိကန် သိပ္ပံ
တိုးတက်ရေးအဖွဲ့ (AAAS) ၏ ဘော်စတွန်မြို့၌ ကျင်းပသော ညီလာခံတွင်
 ကြေညာခဲ့သည့် ယင်းစမ်းသပ်မှု၌ ကြွက်ခြောက်ကောင်ကို စမ်းသပ်ခဲ့ခြင်း
 ဖြစ်သည်။  

eleven media group

No comments:

Post a Comment