Pages

Saturday, February 9, 2013

ကျိုင်းတုံမြို့တွင် တရုတ်နှစ်သစ်ကူးပွဲတော်အကြောင်းပြပြီး လောင်းကစားဝိုင်းများ ဖွင့်နေ

ဖေဖော်ဝါရီ(၉)
အမှတ်(၅)ရပ်ကွက် စွံလီကာရာအိုကေဆိုင်ရှိ လောင်းကစားဝိုင်းများ

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်မှ (၉) ရက်အထိ ကျရောက်မည့် တရုတ်နှစ်သစ်ကူးပွဲတော် အတွင်း ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ပေါ်ရပ်ကွက်များတွင် လောင်းကစားဝိုင်းများ ပြုလုပ်နေ ကြာင်း သိရသည်။

လောင်းကစားဝိုင်းများ ပြုလုပ်နေသောသူများမှာ အမှတ်(၅)ရပ်ကွက်မှ ဦးနန်းရှဲလ်လီ၊ အမှတ်(၄) ရပ်ကွက်မှ ဦးခမ်းရှဲန်နှင့် အမှတ်(၃) ရပ်ကွက်မှ ဒေါ်အားချူတို့ ဖြစ်ကြပြီး ဖေဖော်ဝါရီလ (၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့အထိ လောင်းကစားဝိုင်းများ ပြုလုပ်မည်ဟု သိရှိရသည်။ ၎င်းတို့ (၃) ဦးမှာ အချင်းချင်းသင့်မြတ်မှုမရှိ ကြောင်း နှင့် တစ်ဦးတည်း လုပ်ကိုင်ချင်နေကြကြောင်း သိရှိရသည်။

 အမှတ်(၃)ရပ်ကွက် နတ်နန်းအနီးခြံဝန်းအတွင်းမှ လောင်းကစားဝိုင်းများ
လောင်းကစားဝိုင်းများလုပ်ကိုင်ရန် သက်ဆိုင်ရာရဲစခန်း၊ အုပ်ချုပ်ရေးမှူးများထံ ခွင့်တောင်းသော်လည်း ခွင့်ပြုမိန့်မရဘဲ နားလည်မှုဖြင့်သာ လုပ်ကိုင်နေကြပြီး တရားဝင်လုပ်ကိုင်ခွင့် ပေးမထားကြောင်းလည်း သိရသည်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှလည်း ၎င်းတို့အား ရပ်ကွက်အတွင်း လောင်းကစားဝိုင်းများ ဖွင့်ခွင့်မရှိကြောင်းကို သိရှိ ကြောင်းနှင့် ပြဿနာတစ်စုံတစ်ရာဖြစ်ပွားပါက ဥပဒေအရ အရေးယူခံရ မည် ဖြစ်ကြောင်း လက်မှတ်ရေးထိုးခိုင်း ထားသည်။ 

အုပ်ချုပ်ရေးမှူးများမှ လောင်းကစားဝိုင်းများတွင် ငွေတောင်းခံခြင်း မရှိသော်လည်း လောင်းကစား ဒိုင်များမှ ရပ်ကွက်သာရေး/နာရေးကိစ္စများတွင် လှူဒါန်းထည့်ဝင်သည့်အခါများလည်း ရှိသည်။ အချို့လောင်းကစား ဒိုင်များမှ သက်ဆိုင်ရာအဖွဲ့အစည်းများထံသို့ ငွေကြေးပေးနေရကြောင်းလည်း သိရသည်။

No comments:

Post a Comment