Pages

Wednesday, February 6, 2013

“အင်းလေးတွင် ငါးမျိုး မပြုန်းတီးရေး ၁၄ လ စီမံကိန်းချ ဆောင်ရွက်”

ဖေဖော်ဝါရီ(၆)

အင်းလေးတွင် ငါးမျိုးသယံဇာတ မပြုန်းတီးစေရန် အရွယ်ရောက်သော ငါးများအား ပထမဦးဆုံးအကြိမ် လွှတ်မည်ဟု Friends of Wildlife အသင်းမှ Project Officer ဦးနေမျိုးရွှေက ပြောသည်။
”ငါးအမျိုးလိုက် ပြန်ချိန်ပြီးတော့ ထည့်မယ်။ အကောင်ရေ ကတော့ မသတ်မှတ်ရသေးဘူး။ ဒါပေမဲ့ ဖေဖော်ဝါရီ လဆန်းလောက်မှာတော့ ထည့်မှာပါ” ဟု ၄င်းက ထပ်မံ ပြောသည်။
ထိုငါးလွှတ်ခြင်းကို ၁၄ လ စီမံကိန်းဖြင့် လုပ်မည် ဖြစ်ပြီး ငါး အကောင်ပေါက်၊ အကောင်သေးများ ထည့်မည်မဟုတ်ဘဲ အရွယ်ရောက်အောင် ပြုစုပေးပြီးမှသာ လွှတ်မည် ဖြစ်ကြောင်း သိရသည်။ အရွယ်ရောက်အောင် ပြုစုသည့် အခါတွင်လည်း မည်သည့် ဓာတုဗေဒပစ္စည်းမှ မသုံးဘဲ သဘာဝ အတိုင်းသာ လွှတ်မည်ဟု သိရ သည်။
”ဒီအတိုင်းအရင်က အကောင်သေးတွေကို စမ်းလွှတ်ကြည့်တုန်းက အကောင်တွေက သေသေကုန် လို့ငါးတွေအရွယ်ရောက်ပြီး ပြေးနိုင် လွှားနိုင်တဲ့အချိန်ရောက်မှပဲ အင်း ထဲထည့်ပေးမှာပါ” ဟု ဦးနေမျိုး ရွှေက ထပ်မံပြောသည်။
ထိုငါးလွှတ်သည့် အစီအစဉ် အပြင် အင်းထဲ၌ ဥယျာဉ်ခြံ မရှိသည့် သမားရိုးကျ ရေလုပ်သားများကိုလည်း နေ့စဉ်ဝင်ငွေရရှိရန် တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းအား ၄င်းတို့အဖွဲ့မှ စီမံကိန်း ၁၄ လကာလအတွင်း ပြုလုပ်ပေး မည်ဖြစ်ကြောင်း သိရသည်။
ငါးထည့်မည့် နေရာမှာ အင်းထဲတွင် ငါးမဖမ်းရ ဇုန်သတ်မှတ်ထားသည့် နေရာနှစ်ခုတွင် ဦး စားပေးထည့်မည် ဖြစ်ပြီး ဘုန်း တော်ကြီးကျောင်းများ အနီးတွင်လည်း လွှတ်ရန်ရှိကြောင်း သိရသည်။ ငါးမဖမ်းရ ဇုန် သတ်မှတ် ထားသည့် နှစ်နေရာမှာ ရေလယ် ဗိုလ်တဲနှင့် ငှက်ကြည့်စင်တွင် ဖြစ် ပြီး ဧက ၃ဝဝ ခန့် ကျယ်ကြောင်း သိရသည်။ ၄င်းတို့ အသင်းသည် အင်းလေးတွင်သာမက အင်းတော် ကြီးကန်တွင်လည်း ငါးမဖမ်းရဇုန် ၇ ခု သတ်မှတ်ထားကြောင်း သိရ သည်။
POPULARMYANMAR.COM

No comments:

Post a Comment