ဖေဖော်ဝါရီ(၂၁)
လားရှိုးမြို့တွင် ယမန်နေ့ညနေ ၅း၄၅နာရီ အချိန်၌ လားရှိုးမူးယစ်(အထူး)အဖွဲ့မှ မြို့တွင်း မူးယစ်ဆေး ၀ါး တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေစဉ် ကြိုတင်သတင်း ရရှိမှုအရ လားရှိုးမြို့ မန်ဆူကားဝင်း အတွင်း ရှိ ကြယ်တံခွန် ကားဂိတ်တွင်မသင်္ကာသူ အမျိုးသမီးနှစ်ဦးအား စစ်ဆေးကာ ဖမ်းဆီးနိုင် ခဲ့သည်ဟု သိရသည်။
ယင်းအမျိုးသမီး နှစ်ဦးအား ပတ်ဝန်းကျင်ရှိအသိသက်သေများနှင့်အတူမူးယစ်(အထူး)ရဲစခန်းသို့ ခေါ်၍ မူးယစ်ရဲမေများက တရားခံအမျိုးသမီး နှစ်ဦးတို့အား တစ်ဦးစီ ရှာဖွေစစ်ဆေးခဲ့ရာ
မရန်ဆိုက်လန့် ၀တ်ဆင်ထားသော ဘော်လီအင်္ကျီ အတွင်းမှ သိုဝှက်သယ်ဆောင်ခဲ့သော
အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားပြီး ကွန်ဒုံးဖြင့် ထုပ်ထားသော 88 နှင့် 1 စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရှုးသွပ်ဆေးပြား ၁၉၅ပြား ပါဝင်သော အထုတ်ရှစ်ထုပ်၊ စုစုပေါင်းဆေးပြား ၁၅၆၀ပြား၊ တန် ဘိုးငွေ တစ်ပြားလျှင် နှစ်ထောင်နှုန်းဖြင့် ၃၁သိန်း၂သောင်းကျပ် အလေးချိန်၁၄၀.၄ဂရမ်နှင့် မ၀ူရွှင်ရင်း အား ရှာဖွေစစ်ဆေးရာ ၎င်း၏ အမျိုးသမီးအင်္ဂါအတွင်း၌ သိုဝှက် သယ်ဆောင်လာသော အပြာရောင် ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်ထည့်ပြီး ကွန်ဒုံဖြင့်ထုတ်ထားသော ပန်းရောင် စိတ်ကြွရှုးသွပ်ဆေးပြား ၁၉၅၀ပြား ၊ကျပ်၃၉သိန်းဖိုး အလေးချိန် ၁၇၅.၅ဂရမ်တို့ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စိတ်ကြွဆေးပြားများ ခန္ဓာကိုယ်တွင်း၌ သိုဝှက် သယ်ဆောင်လာသော ကွတ်ခိုင်မြို့နယ် (၆)ရပ်ကွက်တွင် နေထိုင်သူ မရန်ဆိုင်လန့်နှင့် မဝူရွှင်ရင်းတို့အား လားရှိုးအမှတ်(၁) ရဲစခန်းမှ မယ(ပ)၃၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည်။
ထွန်းထွန်း
No comments:
Post a Comment