Pages

Friday, February 8, 2013

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန်Express ပေါ်မှတရားမ၀င်သစ်များဖမ်းဆီးရမိ

Photo: ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင်ဟိန်းသစ္စာအမြန်Express ပေါ်မှတရား
မ၀င်သစ်များဖမ်းဆီးရမိ

8.2.2013

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊  ကျောက်တံခါးမြို့နယ်၊သစ်တော  ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့် ၀င်းမှ တောအုပ်ကြီးဦးလှသန်းတို့ သည် ဖေဖော်ဝါရီ(၄)
ရက်၊နံနက်    (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင်    လာ
သည်ဟု မသင်္ကာဖွယ်ရာ အမြန်   ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိ
သောကြောင့် ကားဖြင့် နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။
ဟိန်းသစ္စာExpress သည်   အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီး နောက်
ယောက်ခံလိုက်ခံရသော      ခရီးသွားကားများ ရှုပ်ထွေးလျက်ရှိသောကြောင့်
အဆိုပါကားမှာ   ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့် ပဲခူးခရိုင်၊  သစ်တော်ဦးစီးဌာန၊လက်ထောက်  ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိ
နှင့်ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာန၊  ဦးစီးအရာရှိတို့ထံ လမ်းမှ စောင့်
 ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ်  အကြောင်းကြားခဲ့ကြောင်းသိရ သည်။
ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊
ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး  မှူး၊ဦးစီးအရာရှိ
တို့ ဦးဆောင်သော   အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ်   ဧရိယာအတွင်းမှ
ဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅)အချိန်တွင်အမြန်လမ်းမ
ကြီး မိုင် တိုင်(၅၆)မိုင်တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိပြီး(၁၅)မိနစ်ခန့်အကြာတွင်ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာန
 ညွှန်ကြားရေး  မှူး၊ဦးကျော်ကျော်လွင်ရောက်ရှိ လာပြီး အနီးကပ်စစ်ဆေး
မှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့် လုပ်ငန်းများကို ဒိုက်ဦးမြို့ နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ်    နှင့်အဖွဲ့အား ညွှန်ကြားခဲ့သည်။ အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်း  တာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်
တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန် အား ရှာဖွေတွေ့
ရှိဖမ်းဆီးရမိသော   ကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ် ကုန်းရဲစခန်းတွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား   ထားကြောင်းသိရှိရသည်။
hot news

ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညွှန့် ၀င်းမှ တောအုပ်ကြီးဦးလှသန်းတို့ သည် ဖေဖော်ဝါရီ(၄)ရက်၊နံနက် (၈)နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး(၁၀၅)မိုင် (၂) ဖာလုံအနီးတွင် တရားမ၀င်သစ် များတင်ဆောင်ထားပြီး မောင်းနှင် လာသည်ဟု မသင်္ကာဖွယ်ရာ အမြန် ယာဉ်(၁)စီး ဖြတ်သွားသည်ကို တွေ့ရှိသောကြောင့် ကားဖြင့် နောက်ယောက်ခံပြီးလိုက်ခဲ့ကြောင်း သိရသည်။ဟိန်းသစ္စာExpress သည် အမြန်ဆုံးမောင်းနှင်သွားလျက်ရှိ ပြီး နောက်ယောက်ခံလိုက်ခံရသော ခရီးသွားကားများ ရှုပ်ထွေးလျက်ရှိသောကြောင့်အဆိုပါကားမှာ ကျောက်တံခါးမြို့နယ်သို့ ကျော် လွန်တော့မည်ဖြစ်သဖြင့်ပဲခူးခရိုင်၊ သစ်တော်ဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး၊ဦးစီးအရာရှိနှင့်ဒိုက်ဦးမြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိ
တို့ထံ လမ်းမှ စောင့်ဖမ်းပေးရန်ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားခဲ့ကြောင်းသိရ သည်။
ဒိုက်ဦးမြို့နယ်၊သစ်တောဦး စီးဌာနမှဦးစီးအရာရှိ ဦးဆောင် သောအဖွဲ့၊ပဲခူးခရိုင်၊သစ်တောဦး စီးဌာန၊လက်ထောက်ညွှန်ကြားရေး မှူး၊ဦးစီးအရာရှိတို့ ဦးဆောင်သော အဖွဲ့တို့သည် သက်ဆိုင်ရာမြို့နယ် ဧရိယာအတွင်းမှဖမ်းဆီးရမိရန် စောင့်ဆိုင်းလျက်ရှိရာနံနက်(၉း၄၅)အချိန်တွင်အမြန်လမ်းမကြီးမိုင်တိုင်(၅၆)မိုင်
တိတိတွင် ယာဉ်အ မှတ် ၁ခ/၇၁၇၉ဟွန်ဒိုင်း၊ ဟိန်း သစ္စာအမြန်ယာဉ်(၆)ဘီးExpress အား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိပြီး(၁၅)မိနစ်ခန့်အကြာတွင်ပဲခူးတိုင်းဒေသကြီးသစ်တောဦးစီးဌာနညွှန်ကြားရေးမှူး၊ဦးကျော်ကျော်လွင်
ရောက်ရှိလာပြီး အနီးကပ်စစ်ဆေးမှုများပြု လုပ်ကာ ဆက်လက်ဆောင်ရွက်ရ မည့်လုပ်ငန်းများကို ဒိုက်ဦးမြို့နယ်၊ဦးစီးအရာရှိ ဦးသိန်းနိုင်ကြွယ် နှင့်အဖွဲ့အား ညွှန်ကြားခဲ့သည်။
 အဆိုပါအဖွဲ့မှ ဖွင့်ဖောက်ချတိုင်း တာ စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ကားပေါ်တွင်တရားမ၀င်ကျွန်းခွဲ သား(၉၀)ချောင်း (၆.၂၁၀၈)တန် အားရှာဖွေတွေ့ရှိဖမ်းဆီးရမိသောကြောင့် ဒိုက်ဦးမြို့နယ်၊အုတ်ရှစ်ကုန်းရဲစခန်း
တွင် (ပ)၄/၂၀၁၃၊ ပပက ၆(၁)ဖြင့် အမှုဖွင့်တိုင်ကြား ထားကြောင်းသိရှိရသည်။
hot news

No comments:

Post a Comment