Pages

Wednesday, February 27, 2013

လွယ်ကျော်ရွာမှဖမ်းဆီးသွားသူများအား အမျိုးသမီးငယ်မှလွဲ၍ ကျန်သူများအား KIA မှလွှတ်ပေး

ဖေဖော်ဝါရီ(၂၇)



၂၀၁၃ခုနှစ် ဇန်န၀ါရီလ ၂၃ရက်နေ့တွင် ၀ိုင်းမော်မြို့နယ် လွယ်ကျော်ရွာမှ ဖမ်းဆီးသွားသော ဒေသခံ ရွာသူ ရွာသားများကို ၁၆နှစ်အရွယ် အမျိုးသမီးငယ်မှလွဲ၍ကျန်သူများကို ဖေဖော်ဝါရီလ ၂၄ရက်နေ့ ည ၈နာရီ ခန့်တွင် လွှတ်ပေးခဲ့ကြောင်း သိရှိရ ပါသည်။  

လွယ်ကျော်ရွာမှ KIA မှ ပြီးခဲ့သည့်လတွင် အမျိုးသား ၇ဦးနှင့် အမျိုးသမီး ၂ဦးတို့ကို ဖမ်းဆီးသွားခဲ့ကာ ၎င်းတို့ စခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ၎င်းတို့စခန်းတွင် အမျိုးသားများ စခန်းပြုပြင်မှုများကို ပြုလုပ်ခိုင်းခြင်းများကို ပြုလုပ်ခိုင်းပြီး အမျိုးသမီး ၂ဦးကို ၎င်းတို့၏ကိစ္စများကို လုပ်ဆောင်ခိုင်းကြောင်း၊ လွတ်မြောက်လာသူ၏ပြောပြချက်အရ သိရှိရပါသည်။

KIA တပ်ဖွဲ့သည် ၎င်းတို့အတွက် ရိက္ခာမရှိခြင်း၊ ဆေးဝါးပြတ်လပ်ခြင်းတို့ကြောင့် အခုလိုပြန်လည် လွှတ်ပေးခဲ့တာ ဖြစ်ကြောင်း၊ ကျန်ရှိနေသော အမျိုးသမီးငယ်မှာ ရုပ်ရည်လှပပြီး အသက် ၁၅/၁၆ ၀န်းကျင်သာရှိ သော ကြောင့် အခု ဖမ်းဆီးခံပြီးမှ လွတ်မြောက် လာသူများမှ ရှမ်းလူမျိုးများနှင့် ဗမာလူမျိုးများသာဖြစ်ပါသည်။ လွယ်ကျော်ရွာမှ ဖမ်းဆီးသူ များကိုKIA မှ ပြန်လည်လွှတ်ပေးခဲ့သည့် အတွက် ပျော်ရွှင်နေသော်လည်း ၎င်းတို့ စခန်းတွင်ကျန်ရှိခဲ့သော အမျိုးသမီးငယ် အတွက် စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ဒေသခံ များ၏ပြောဆိုချက် အရ သိရှိရပါသည်။
 

No comments:

Post a Comment