Pages

Wednesday, February 20, 2013

လားရှိုးဘူတာတွင် ဘိန်းဖြူဆပ်ပြာခွက်များ ဖမ်းဆီးရမိ

ဖေဖော်ဝါရီ(၂၀)

ဘိန်းဖြူ ထည့်ထားသော ဆပ်ပြာခွက်များ

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ဘူတာတွင် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ မနက်ပိုင်းက ဘိန်းဖြူ ထည့်ထားသော ဆပ်ပြာခွက်များအား လားရှိုးမူးယစ်တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


လားရှိုးမူးယစ်တပ်ဖွဲ့ဝင်များနှင့် ရထားရဲတပ်ဖွဲ့များ ပါဝင်သောအဖွဲ့မှ ဖေဖော်ဝါရီလ(၁၈)ရက် မနက်ပိုင်းတွင် လားရှိုးဘူတာမှ ထွက်ခွာသည့် အစုန်လူစီးရထား အမှတ်(၁၃၂) ပေါ်တွင်ရှာဖွေ စစ်ဆေးရာမှ အထက်တန်းတွဲ ထိုင်ခုံအမှတ် A-5 တွင် ထိုင်နေသည့် မxxxxxxxx ၏ ခရီးဆောင်အိတ်အတွင်းမှ တရုတ်ခေါက်ဆွဲခြောက်ဖာ အတွင်း ပလပ်စတစ်ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူ(၁၉)ခွက်၊ BODI တံဆိပ် ချောကလက်ဘူးခွန်ဖြင့် ထည့်ထားသော ဘိန်းဖြူ(၇၂) ဂရမ်နှင့် FUDO တံဆိပ် ကိတ်မုန့်ဗူးခွံအတွင်းမှ ဘိန်းဖြူ(၁၆၀)ဂရမ်ခန့်၊ စုစုပေါင်း ဘိန်းဖြူ(၄၇၀) ဂရမ်ခန့် ကာလတန်ဖိုးအားဖြင့် ကျပ်(၉၀)သိန်းကျော် ဖမ်းဆီးရမိခဲ့သည်။

  ဘိန်းဖြူ ထည့်ထားသော ဆပ်ပြာခွက်များ

အထက်ပါလားရှိုးဘူတာမှ ထွက်ခွာမည့် ရထားများပေါ်တွင် စိတ်ကြွဆေးပြားများ၊ ဘိန်းမဲများနှင့် ဘိန်းဖြူများ မကြာခဏ ရှာဖွေဖမ်းဆီးနိုင်ခဲ့ပြီး လားရှိုးမှ မန္တလေးဘက်သို့ သယ်ဆောင်ဖြန့့် ဖြူးနေကြကြောင်း သိရသည်။ မြို့အထွက်ရှိ ပူးပေါင်းဂိတ်များတွင် တာဝန်ရှိသူအဖွဲ့များမှ စစ်ဆေးမှုများတင်းကြပ်သဖြင့် ယခုကဲ့သို့ ရထားလမ်းကြောင်းဖြင့် မူးယစ်ဆေးဝါးများကို သယ်ဆောင်နေ ကြခြင်းဖြစ်သည်။ ဘိန်းဖြူဆပ်ပြာခွက်များ သယ်ဆောင်လာသူ မxxxxxxxxxxxxx အား လားရှိုးမြို့၊ အမှတ်(၂)ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရပါသည်။

No comments:

Post a Comment