Pages

Friday, February 22, 2013

SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား

ဖေဖော်ဝါရီ(၂၂)

 

ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသောSSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်အခြေပြုထားသောSSA မြောက် ပိုင်း အဖွဲ့အနေဖြင့်အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်း များအား လိုက်နာမှုမရှိသောကြောင့်အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း 
မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

SSA မြောက်ပိုင်းအဖွဲ့အနေနဲ့ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကထဲကတပ်တွေရှိရမဲ့ နေရာတွေကိုသတ် မှတ် ပေးထားပြီးဖြစ်ပါတယ်။ သူတို့အဖွဲ့တွေက သတ်မှတ်ပေးထားတဲ့နေရာမှာတင်မနေဘဲ နယ်မြေ ကျူးကျော်ပြီး စခန်းဆောက်တာတွေ လုပ်လာတယ်။ အဲဒီလိုကျူးကျော်ပြီး စခန်းတွေဆောက် လာ တာကို တပ်က ဖယ်ပေးဖို့ တရားဝင်ပြောကြားတဲ့အချိန်မှာလုံးဝ ဖယ်မပေးဘူး၊ အဲ့ဒါအပြင် နယ်မြေရှင်း လင်းရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေကို မိုင်းထောင် တိုက်တာတွေ၊ ခြုံခိုတိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားလာတယ်။ ဒါ့ကြောင့် ပစ်ခတ်မှုတွေအပြန် အလှန်ဖြစ်နေတာပါ။ ကချင်ပြီးလို့ ရှမ်းဘက်မှာ ထိုးစစ်ဆင်တယ်ဆိုတာ မဟုတ်ပါ ဘူး။ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်နေတာ မရှိပါဘူး ” ဟု ပြောဆိုသွားသည်။

တန့်ယန်းမြို့နယ်ရှိ မုံဟင်ကျေးရွာနေ ပြည်သူတစ်ဦးမှ SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် အကုန်ပိုင်း မှစပြီး တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်မြို့အကြား လွယ်လန်းတောင်ကြောတစ်လျောက် စခန်းများ လာရောက် ဆောက်နေကြောင်း ၄င်းစခန်းများမှာ ယခင်ကမရှိကြောင်း ယခုနှစ်ဦးပိုင်းမှသာ လာရောက် စခန်း တည်ဆောက်နေကြခြင်းဖြစ်ကြောင်း၊ ၄င်းကဲ့သို့ ကျူးကျော်စခန်းဆောက်လုပ်ခြင်း မပြုရန် မြန်မာစစ်တပ်မှ တားဖြစ်သော်လည်း ဆက်လက် ဆောက်လုပ်နေသဖြင့် တိုက်ပွဲများဖြစ် ပွားနေခြင်း ဖြစ်ကြောင်း Telephone မှ တစ်ဆင့် ပြောကြားသွားသည်။


အမေ့အိမ်

No comments:

Post a Comment