Pages

Saturday, February 9, 2013

UWSA (၀) အဖွဲ့မှ ရေအားလျှပ်စစ်တည်ဆောက်ရန် ပြင်ဆင်နေ

ဖေဖော်ဝါရီ(၉)

“၀” အဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ရန် ပစ္စည်းများပုံထားပုံ

ရှမ်းပြည်နယ် မိုင်းယွန်းမြို့အနီး နမ့်ခုတ်ချောင်းဘေးတွင် “၀” အဖွဲ့မှ 50-MB ရေအားလျှပ်စစ်စက်ရုံ တည်ဆောက် အသုံးပြုရန်အတွက် ၂၀၁၂ ခု  ဒီဇင်ဘာလတွင် အစိုးရထံတင်ပြထားကြောင်း သိရ သည်။

“၀” အဖွဲ့မှ ရေအားလျှပ်စစ်တည်ဆောက်မည့်နေရာသည် ပင်လယ်ရေမျက်နှာပြင်အထက် (၁၅၀၀) ပေ ကျော် ကြောင်း၊ ရေကာတာတည်ဆောက်မည့်နေရာသည်(၁၆၀၀) ပေ  မြင့်ပြီး ရေကာတာ တည်ဆောက်ပြီးပါက ရေ အမြင့် ပေ(၂၀၀) ခန့် တက်ရောက်နိုင်သဖြင့် ပင်လယ်ရေမျက်နှာပြင် အထက် ပေ (၁၈၀၀)တွင် ရှိကြောင်း သိရ သည်။ အဆိုပါရေအားလျှပ်စစ်စီမံကိန်းနှင့် ပက်သတ် ပြီး ရေမြုပ်ဧရိယာမရှိကြောင်းနှင့် စက်ရုံတည်ဆောက်မှု ကြာချိန်မှာ (၃)နှစ်ခန့်ကြာမည်ဖြစ်ကြောင်း သိရသည်။ စက်ရုံတည်ဆောက်ပြီးစီးသွားပါက မိုးရာသီတွင် 60-MB မှ 70-MB အထိ လျှပ်စစ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

 “၀” အဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မည့်နေရာ
မိုင်းဆက်မြို့အတွက် မီးသုံးစွဲမှုသည် 1-MB သာရှိပြီး UWSA “၀” အဖွဲ့များ နေထိုင်သည့်ဒေသများကို မီးပေး ပါက 10-MBသာ ကုန်ကျမည် ဖြစ်ကြောင်းနှင့် ယခုစက်ရုံသည် ရှမ်းပြည်နယ် တစ်ပြည်နယ်လုံး ကို မီး လုံလောက်စွာပေးနိုင်ကြောင်းနှင့် ပိုလျှံသည့်လျှပ်စစ်ဓာတ်အားများကို ထိုင်းနိုင်ငံသို့ပါရောင်း ချနိုင်ကြောင်း စက်ရုံဆောက်လုပ်မည့်နေရာအား သွားရောက်စစ်ဆေးခဲ့သည့် မိုင်းဆက်မြို့၊ ခရိုင် အုပ်ချုပ်ရေးရုံး မှ တာဝန်ရှိသူတစ်ဦး မှ ပြောပြပါသည်။

 “၀” အဖွဲ့မှ ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မည့် နမ့်ခုတ်ချောင်း
အဆိုပါ ရေအားလျှပ်စစ်တည်ဆောက်ပြီးစီးပါက ထိုင်းနိုင်ငံရှိ ချင်းမိုင်ခရိုင်နှင့် ချင်းရိုင်းခရိုင်အတွင်းရှိ နန့်ခုတ် ချောင်းဖြတ်သန်းသွားသည့် မြို့နယ် (၃) ခုမှ ရွာပေါင်း (၁၀၀) ကျော်၊ မိသားစုဝင် (၁၃၀၀၀)၊ လယ်မြေဧက ၄ သောင်းကျော်အတွက် ဆိုးကျိုးဖြစ်စေမည်ဟု ထိုင်းနိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် စပ်လျဉ်းသည့် ကျွမ်းကျင် အရာရှိမှ ပြောကြားကြောင်းကို သျှမ်းသံတော်ဆင့် သတင်းဌာနမှ လည်း ဖော်ပြ ထားသည်။

No comments:

Post a Comment