Pages

Monday, March 25, 2013

AIDS ကို ကုသပျောက်ကင်းနိုင်ရန် အခွင့်အလမ်းရှိကြောင်း HIV ပိုးကို တွေ့ရှိခဲ့သူမှ ပြောကြား

မတ်(၂၅)
(၇)ကြိမ်မြောက် International AIDS Society မှ ကြီးမှူး ကျင်းပသည့် Conference on HIV Pathogenesis, Treatment and Prevention (IAS 2013) ကိုမတ်လ (၂၂)ရက်နေ့တွင် မလေးရှား နိုင်ငံ ၊ ကွာလာလမ်ပူ မြို့တွင် ကျင်းပခဲ့ရာ HIV ရောဂါနှင့် ပတ်သက်သည့် အထင်ကရ မှတ်တမ်းအသစ်ကို ချပြနိုင်ခဲ့သည်။

International AIDS Society ၏ ဥက္ကဌ ဖြစ်ပြီး HIV ပိုးကို တွေ့ရှိနိုင်ခဲ့၍
နိုဘယ်ဆု ချီးမြှင့်ခံရသော သိပ္ပံပညာရှင် Francoise barre Sinoussi က AIDS ရောဂါကို ကုသ ပျောက်ကင်းနိုင်ရန် အခွင့်အလမ်းရှိကြောင်း အဆိုပါ ညီလာခံတွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

အသက် ၆၅နှစ် ရှိ နိုဘယ်လ်ဆုရှင် Francoise barre Sinoussi သည် ခုခံအား ကျဆင်းမှု ကူးစက်ရောဂါကို ကုသရန် အတွက်ပါ သုတေသန
ပြုနေသော ပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ART ဆေးဝါးများက ရောဂါပိုး ကူးစက်ခံရသူများကို အသက်ရှည်စေရန် အထောက်အကူ ပြုသော်လည်း တစ်ဖက်တွင်လည်း ရောဂါ လုံးဝပျောက်ကင်းစေနိုင်သော ကုထုံးများကို ဆက်လက် လေ့လာနေရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

MRTV - 4

No comments:

Post a Comment