Pages

Monday, March 11, 2013

မြေသြဇာ ပိုးသတ်ဆေး ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲ အခမ်းအနား

မတ်(၁၁)


ရှမ်းပြည်နယ် ကျိုင်းတုံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှူး ရုံးတွင် မတ် ၇ ရက် နံနက် ၁ဝ နာရီက မြေသြဇာ၊ ပိုးသတ်ဆေး ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲ အခမ်းအနား ကျင်းပရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသ ခံ တောင်သူ လယ်သမားများ တက်ရောက်ကြသည်။

အခမ်း အနားတွင် စိုက်ပျိုးရေး ဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးမျိုးနိုင်ထွန်းက အဖွင့် အမှာစကား ပြောကြားပြီး မြေ အသုံးချရေး တာဝန်ခံ ဦးပတ်ထရစ်ဗြူးက မြေသြဇာ ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များအား လည်းကောင်း၊ သီးနှံ ကာကွယ်ရေး တာဝန်ခံ ဦးအောင်သူက ပိုးသတ်ရေး ဆိုင်ရာ ဥပဒေနှင့် လုပ်ထုံးလုပ်နည်း များအား လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေး ခဲ့ကြသည်။ ထို့နောက် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ပြည်နယ် ဦးစီးမှူး ဒုတိယ ညွှန် ကြားရေးမှူး ဦးဇော်မြင့်က နိဂုံးချုပ် အမှာစကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သတင်း ရရှိသည်။

မြ၀တီ

No comments:

Post a Comment