Pages

Tuesday, March 26, 2013

၂ဝ၁၄ တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှုရပ်ဆိုင်းတော့မည်ဖြစ်သဖြင့် သစ်အချောထည်ပစ္စည်းစက်ရုံများ တည်ထောင်ရန် အာရှကုမ္ပဏီများ လာရောက်ဆွေးနွေး


မတ်(၂၆)

လာမည့် ၂ဝ၁၄ ခုနှစ်တွင် ပြည်ပသို့ သစ်အလုံးလိုက်တင်ပို့မှု ရပ်ဆိုင်းတော့မည်ဖြစ်သဖြင့်  ပြည် တွင်း၌ သစ်အချောထည်ပစ္စည်း  ထုတ်လုပ်မည့် စက်ရုံများတည် ထောင်ရန် အာရှကုမ္ပဏီများလာ ရောက်ဆွေးနွေးလျက်ရှိကြောင်း Economic Development Agency(Myanmar)LTDမှ MD ဦးအောင်သိန်းက ပြောသည်။
''ခုချိန်မှာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံချင်တယ်ဆိုပြီး လာရောက်မေးမြန်း စုံစမ်းနေကြပါတယ်။ သစ်လုပ်ငန်းတွေ၊ အထည်ချုပ်လုပ်ငန်းတွေ ပိုများတယ်။ သစ်နဲ့ သစ်အခြေခံပစ္စည်း စက်ရုံတွေ ထောင်ဖို့လည်း စိတ်ဝင်စားနေကြတယ်။ မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်မှာ သစ်အလုံးလိုက် တင်ပို့မှု ရပ်ဆိုင်းတော့မှာဖြစ်တဲ့အတွက် သစ်အချောထည် ပစ္စည်းတွေ ထုတ်လုပ်နိုင်မယ့် သစ်စက်ရုံတွေ၊ သစ်ပါးလွှာ စက်ရုံတွေ တည်ထောင်ဖို့ အာရှကုမ္ပဏီ အတော်များများ လာရောက်ဆွေးနွေးနေကြတယ်။ အိန္ဒိယကုမ္ပဏီတွေ ပိုများတယ်''ဟု  Economic Development Agency (Myanmar)  LTD မှ စီးပွားရေးနှင့် ဥပဒေရေးရာအတိုင်ပင်ခံ ဦးအောင်သိန်းက ပြောသည်။
ယင်းသို့ အထည်ချုပ်စက်ရုံများ၊ သစ်စက်ရုံများ တည်ထောင်ရန် လာရောက် ဆွေးနွေးလျက်ရှိရာတွင် ထိုင်း၊  စင်ကာပူ၊ ဟောင်ကောင်စသည့် နိုင်ငံများက အများဆုံးဖြစ်ပြီး ရန်ကုန်မြို့တွင် ဝါးတစ်ရာ၊ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်များတွင် သစ်စက်ရုံများ တည်ထောင်ရန်အတွက် အိန္ဒိယနိုင်ငံ လုပ်ငန်းရှင်များ ပို၍စိတ်ဝင်စားနေကြောင်း သိရသည်။
eleven

No comments:

Post a Comment