Pages

Thursday, March 28, 2013

ရန်ကုန်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပမယ်

မတ်(၂၈)
မိတ္ထီလာမြို့က မတည်ငြိမ်မှုတွေဟာ အရေးပေါ် အခြေအနေ ကြေညာပြီး တပ်မတော်က တာဝန်ယူပြီး တဲ့နောက် အေးချမ်းသွားပြီလို့ ဆိုပေမယ့် တခြားနယ်မြို့တွေကို ကူးစက်ပျံ့နှံ့လာခဲ့ပြီး ရန်ကုန်မှာ လည်း ကောလဟာလတွေနဲ့ ပြည်သူအများစိုးရိမ်မကင်းဖြစ်နေကြရပါတယ်။ 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကသံလျင်မြို့နယ်တွင်ကျင်းပခဲ့တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး 
ဟောပြောပွဲ ဖိတ်ကြားစာ

ယနေ့ မတ်လ ၂၈ ရက် နေ့လယ် ၂ နာရီမှာတော့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ တခုကို  ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင်က ၀ိုင်အမ်စီအေ-  YMCA အဆောက်အအုံမှာ ကျင်းပသွားမယ်လို့ သတင်းရရှိပါတယ်။ 

ငြိမ်းချမ်းမှုတွေအတွက် ဘာသာပေါင်းစုံက ဘာသာရေး ခေါင်းဆောင်တွေ စုဝေးပြီး ဆုတောင်းပွဲကျင်းပတာ
ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက်  နမိတ်ကောင်းတခုဖြစ်ပါတယ်။ 

မကြာသေးမီ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့ကလည်း  ဘာသာရေး ခေါင်းဆောင်တွေ စုပေါင်းပြီး စည်းဝေးမှု တခုကို ရန်ကုန်တိုင်း သံလျင်မြို့နယ်မှာ ကျင်းပခဲ့ပါသေးတယ်။ 

The Irrawaddy's Blog

No comments:

Post a Comment