Pages

Tuesday, March 12, 2013

တောင်ကြီးမြို့တွင်ရေခဲရိုက်အမဲသားများ သိမ်းဆည်းရမိ

မတ်(၁၂)



ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အေးသာယာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များမှ မတ်လ ၁၁ ရက်နေ့ တွင် ရေခဲရိုက်ထားသော အမဲသားများ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
တောင်ကြီးမြို့ အေးသာယာရဲစခန်းမှ စခန်းမှူးဦးစီးရဲတပ်ဖွဲ့ဝင်များသည် မတ်လ ၁၁ ရက် နေ့လည်ပိုင်း တွင် အေးသာယာဂေါက်ကွင်းရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရွှေညောင်ဘက်မှ ယာဉ်မောင်း သိန်းဇော် မောင်းနှင်လာသော(၆)ဘီးယာဉ်အား ရပ်တန့်ရှာဖွေရာမှ ရေခဲရိုက်အမဲသားများ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။ တရားခံသိန်းဇော်မောင်းနှင်လာသော (၆)ဘီးယာဉ်အတွင်းမှ ပီနံအိတ်နှင့်ထည့် ထားသော အေးခဲ အမဲသား(၃၄၀)အိတ်၊ အလေးချိန်ပေါင်း(၅၁၀၀)ပိဿာခန့်၊ ကာလတန်ဖိုးအားဖြင့် သိန်း (၂၅၀) ကျော်ခန့်ကို သိမ်းဆည်းနိုင်ခဲ့သည်။

တရားမ၀င်အေးခဲအမဲသားများအား အေးသာယာရဲစခန်းမှ တာဝန်ရှိသူများက မြို့နယ်စည်ပင်ရုံးသို့ လွှဲပြောင်းပေးခဲ့ပြီး တရားခံသိန်းဇော်အား ရဲအရေးပိုင်မှု(၃/၂၀၁၃)၊ စည်ပင်ဥပဒေ ၈၀(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ တောင်ကြီးမြို့တွင် ပြီးခဲ့သည့်ဖေဖော်ဝါရီလ အတွင်း ရေခဲရိုက် အမဲသား သိန်း (၅၀၀)ကျော်ဖိုး သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရှိရသည်။

No comments:

Post a Comment