Pages

Wednesday, March 27, 2013

"ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးပျောက်ဆုံးမှု သမ္မတနှင့် ဝန်ကြီးရုံးထံ စာတင်မည်ဟုဆို"

မတ်(၂၇)
Photo: "ရခိုင်လူငယ်အဖွဲ့မှ ကိုရဲမင်းဦးပျောက်ဆုံးမှု သမ္မတနှင့် ဝန်ကြီးရုံးထံ စာတင်မည်ဟုဆို"

ရခိုင်လူငယ်များအဖွဲ့မှ ကိုရဲမင်းဦး ပျောက်ဆုံးမှုအား နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ပြောသည်။
ရခိုင် လူငယ်များအဖွဲ့အနေဖြင့် အဆိုပါပျောက်ဆုံးမှုအား ဗဟန်းမြို့နယ် ရဲစခန်းတွင် မတ်လ ၂၆ ရက်နေ့က လူပျောက်တိုင်ကြားခဲ့ပြီး စခန်းမှ (၁၃/၂၀၁၃)ဖြင့် အမှုဖွင့်ထားပေးပြီး ဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ ရွှေအရသာ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။ လက်ရှိတွင် အကြောင်းပြန်ကြားချက် မရှိသောကြောင့်  အချိန်ကြာမြင့်သည်အထိ ပျောက်ဆုံးမှုအကြောင်းအ
ရင်း မသိရပါက အထက်ပါအတိုင်း ကဲ့သို့ ပြုလုပ်သွားမည် ဟု ဆိုသည်။

၎င်းတို့အနေဖြင့်လည်း လူပျောက်ဆုံးနေမှုဟူ၍ သာပြောဆိုနိုင်မည်ဖြစ်ပြီး အခြားအကြောင်း တစ်စုံတစ်ရာကြောင့်ဆိုသည့် ထင်မြင်ယူဆချက်မျိုး မပေးလိုကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ကိုမောင်လေးက 
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ကိုရဲမင်းဦးမှာ မတ်လ ၂၅ ရက်နေ့ညနေပိုင်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်ပြီး အဆက်အသွယ်တစ်စုံတစ်ရာမျှ မရသေးကြောင်းသိရသည်။ 

ရန်နိုင်၊သုတလင်း
ရခိုင်လူငယ်များအဖွဲ့မှ ကိုရဲမင်းဦး ပျောက်ဆုံးမှုအား နိုင်ငံတော် သမ္မတနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စာတင် အကြောင်းကြားသွားမည် ဖြစ်ကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ပြောသည်။
ရခိုင် လူငယ်များအဖွဲ့အနေဖြင့် အဆိုပါပျောက်ဆုံးမှုအား ဗဟန်းမြို့နယ် ရဲစခန်းတွင် မတ်လ ၂၆ ရက်နေ့ကလူပျောက်တိုင်ကြားခဲ့ပြီးစခန်းမှ(၁၃/၂၀၁၃)ဖြင့်အမှုဖွင့်ထားပေးပြီး ဖြစ်ကြောင်း ရွှေဂုံတိုင်ရှိ ရွှေ
အရသာ စားသောက်ဆိုင်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ပြောကြားခဲ့သည်။ လက်ရှိတွင် အကြောင်းပြန်ကြားချက် မရှိသောကြောင့် အချိန်ကြာမြင့်သည်အထိ ပျောက်ဆုံးမှုအကြောင်းအရင်း မသိရပါက အထက်ပါအတိုင်း ကဲ့သို့ ပြုလုပ်သွားမည် ဟု ဆိုသည်။

၎င်းတို့အနေဖြင့်လည်းလူပျောက်ဆုံးနေမှုဟူ၍သာပြောဆိုနိုင်မည်ဖြစ်ပြီးအခြားအကြောင်းတစ်စုံတစ်ရာ
ကြောင့်ဆိုသည့် ထင်မြင်ယူဆချက်မျိုး မပေးလိုကြောင်း ရခိုင်လူငယ်များအဖွဲ့မှ ကိုမောင်လေးက
သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ကိုရဲမင်းဦးမှာမတ်လ၂၅ရက်နေ့ညနေပိုင်းတွင် ပျောက်ဆုံးသွားခြင်းဖြစ်
ပြီး အဆက်အသွယ်တစ်စုံတစ်ရာမျှ မရသေးကြောင်းသိရသည်။
Popular Myanmar News Journal

No comments:

Post a Comment