Pages

Friday, March 22, 2013

မိတ္ထီလာဘက်မှ မွတ်ဆလင်မိသားစုများ တောင်ကြီးမြို့နဲ့ အေးသာယာစက်မှုဇုန်သို့ ထွက်ပြေး တိမ်းရှောင် လာ၊ မြိုခံများ စိုးရိမ်ထိတ်လန့်နေကြ



မတ်(၂၂)

တောင်ကြီးမြို့ပေါ်ကို မိတ္ထီလာဘက်က ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေဟာ မနေ့ကနေ ဒီနေ့အထိ လူဦးရေ (၃၀) လောက်ရှိတယ်လို့ မြို့ဝင်ဂိတ်က ၀န်ထမ်းတွေရဲ့ ပြောပြချက်အရ တစ်မြို့လုံးသိကုန်ပြီ ဟိုဟိုဒီဒီအသိ တွေထွက်ပေါ်လာပါတယ်။

အဲဒီအင်အား(၃၀)ထဲက လူနှစ်ဆယ်လောက်ကတော့ တောင်ကြီးမြို့ ကံသာရပ်ကွက်(၃၀)လမ်းမှာ တည်းခို တယ်။ အေးသာယာစက်မှုဇုန်ထဲကို ၀င်သွားတာ(၁၀)ဦးလို့ တစ်ဆင့်စကားတစ်ဆင့်နား ကြားခဲ့ရပါတယ်။ နောက်ထပ်ကြားရပြန်တာက အေးသာယာမြို့ ထုံးဖိုရပ်မှာရှိတဲ့ဗလီမှာ ၀တ်ပြု ဆုတောင်းဖို့ မွတ်ဆလင် (၁၀)ဦးလောက် ရောက်နေတယ်ဆိုပြီး သတင်းထွက်နေတယ်။

ဒါဆိုရင်ကျွန်တော်တို့ တောင်ကြီးမြို့နဲ့ အေးသာယာဆိုတာ လှမ်းမြင်နေရတာဆိုတေ့ ဘာမ ဆိုဖြစ်လာနိုင်တယ်။ ဒီတော့ မြို့ခံတွေအနေနဲ့ မိတ္ထီလာပြဿနာကို သင်ခန်းစာယူပြီး အခြေ အနေစောင့်ကြည့်ဖို့ လိုပါပြီ။ သက်ဆိုင်ရာလုံခြုံရေးလုပ်ပေးမယ့် အဖွဲ့အစည်းတွေနဲ့ ရပ်ကွက်သားတွေ ပူးပေါင်းပြီး ကိုယ့်ရပ်ကွက်ကို ကာကွယ်ဖို့ ပြင်ဆင်ရပါတော့တယ်။ ပြဿနာ မဖြစ်ခင် ဆင်ခြင်မှ ရမှာ။ ပြဿနာဖြစ်လာရင်တော့ ဆုံးရှုံးမှုတွေနဲ့ဘဲကြုံရမှာ။ မိတ္ထီလာမှာဆိုရင် လူတွေလည်းသေ။ အဆောက်အအုံတွေလည်း မီးလောင်။ ကျောင်းသားတွေလည်း စာမေးပွဲမဖြေရနဲ့ ဒုက္ခတွေ ခံစားနေ ရတာ။ ကိုယ်ချင်းစာမိပါတယ်ဗျာ။

ဒါ့ကြောင့် ကျွန်တော်တို့ မြို့သူမြို့သားတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုကို အရမ်းရှေ့တန်း မတင်ပါ နဲ့၊ ပြဿနာ လည်းမရှာကြဖို့ ပြောချင်ပါတယ်။ ဒါပေမယ့် သူတို့က ပြဿနာစရှာလာပြီဆိုရင်တော့ ငြိမ်ခံနေလို့တော့ မရဘူး။ ဒါတော့ အဲ့ဒီနေရာတွေကို မျက်ခြေမပြတ်စောင့်ကြည့်နေဖို့ လိုပါတယ်။

ဒီတော့ တောင်ကြီးနဲ့ အေးသာယာမှာ မိတ္ထီလာပဋိပက္ခတွေနဲ့ ပတ်သက်ဆက်နွယ်တဲ့ ပြဿနာမျိုး မဖြစ်တောင် အချိန်နှင့်အမျှ သတိနဲ့နေ၊ သတိနဲ့သွား၊ သတိနဲ့စား၊ သတိနဲ့အိမ်ကြပါလို့ စိုးရမ်ပူပန် တတ်သော တောင်ကြီးမြို့ခံ တစ်ဦးအနေနဲ့ လေးလေးနက်နက် သတိပေးလိုက်ပါတယ်ခင်ဗျာ။

တောင်ကြီးသားတစ်ဦး

No comments:

Post a Comment