Pages

Wednesday, March 6, 2013

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

မတ်(၆)
Photo: ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။

6.3.2013

လောကဓံအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခါ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ ဟာ တကယ့်ကိုများပြားလှပါတယ်။ အဲဒီအထဲမှာ တန်ဖိုးအရှိဆုံးကတော့ ကျွန်မတို့ နေထိုင်နေတဲ့ လူ့အဖွဲ့အစည်းရဲ့ လူသိနည်းသေးတဲ့ အကြောင်း အရာတွေကို စူးစမ်းလေ့လာဖို့ တခြားမှာ အခွင့်အရေးတွေပေးခြင်းပဲ ဖြစ်ပါတယ်။ အာဏာရှင် အစိုးရရဲ့ ဖိနှိပ်ညှင်းပန်းမှုဒဏ်ကို လှလှကြီးခံခဲ့ရတဲ့ ကျွန်မတို့တစ်တွေရဲ့ အတွေ့ အကြုံဟာ အခါခပ်သိမ်း သက်သောင့်သက်သာရှိတာမဟုတ်ပေမယ့် အင်မတန် ကြွယ်ဝတဲ့ အတွေ့အကြုံပါ။ တရားမျှတမှု ကင်းမဲ့ခြင်းနဲ့ ရက်စက်ကြမ်းတမ်းခြင်း ဆိုတာတွေဟာ စိတ်လှုပ်ရှားဖွယ်ရာ ၀တ္ထုဇာတ်လမ်းထဲမှာ ပါတတ်တာမျိုး အဖြစ် ကနေ နေ့စဉ်ဘ၀မှာ ကြုံတွေ့ရတဲ့ အန္တရာယ်မျိုးအဖြစ်ကို ပြောင်းလဲ ကုန်ပါတယ်။

လေးစားဂုဏ်ယူဖွယ်ရာအပြုအမူနဲ့ ဆိုးသွမ်း ကြမ်းတမ်းတဲ့ အပြုအမူ၊ သူရဲဘော ကြောင်တာနဲ့ သူရဲကောင်းဆန်တာတွေဟာ တစ်ခါတုန်းက ကဗျာအတွေးတွေ၊ အယူအဆတွေ ဖြစ်ခဲ့ပေမယ့်လည်း အခုနေအခါမှာတော့ သာမန်ဖြစ်ပျက်နေတဲ့အရာတွေဖြစ်လာကာ ကဗျာရှည်ကြီးတွေမှာ ဖွဲ့နွဲ့တတ်တဲ့ အဖြစ်အပျက်တွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ဘ၀ဖြစ်နေပါတယ်။

လိမ်လည်လှည့်ဖျားခြင်းနဲ့ သစ္စာဖောက်ခြင်းဟာ စိတ်ကူးကောင်းတဲ့ စာရေး ဆရာတွေရဲ့ ကွက်ကွက်ကွင်းကွင်း ဖန်တီးရေးသားချက်မျှသာ မဟုတ်တော့ ဘဲနဲ့ ကိုယ်ရဲ့ခင်မင်မှုကို ခံစားခဲ့တဲ့၊ ကိုယ်ရဲ့မေတ္တာစေတနာကို စိတ်တိုင်းကျ သုံးဆောင်ခဲ့တဲ့ မိသားစုတွေရဲ့ အဆောင် အယောင် ဖြစ်လာပါတယ်။

Judas ရဲ့အနမ်းဆိုတာ တင်စားချက် မဟုတ်တော့ပါဘူး။ မိတ်ဆွေမပီသတဲ့ သစ္စာသွေဖည်မှုကြီး ကိုယ့်ပါးပြင်ပေါ်ကို လာလာပြီး ထိပါးနေတာပါ။ ယုံကြည် လေးစားခဲ့ရတဲ့ သူတွေ ဟာလည်း သူများတကာကို လိမ်လည်ဖို့လုပ်တာနဲ့ သူတို့ကိုယ်သူတို့ အတိုင်းမသိ လိမ်လည်နိုင်စွမ်းရှိပုံကို ပြသနေကြပါတယ်။

Eternal Light Magazine

No comments:

Post a Comment