Pages

Thursday, March 28, 2013

ဒါဖတ်ပြီးမှ နေပူထဲထွက်ပါ


မတ်(၂၈)

ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာပူပြင်းခြောက်သွေ့သော နွေရာသီအတွင်းဝင်ရောက်ခဲ့ပြီဖြစ်သောကြောင့် 

အပူချိန်မြင့်တက်ခြင်း၊  ခရမ်းလွန်ရောင်ခြည် ကျရောက်မှု အန္တရာယ် စိုးရိမ်ဖွယ်ရှိနေကြောင်း  မိုးလေဝ
သဗေဒ ပညာရှင်ဒေါက်တာ ဦးထွန်းလွင်က ပြောကြားသည်။


ရန်ကုန်ရဲ့ နေပူဒဏ်ကို ပုဆိုးများနဲ့ ကာကွယ်ထားတဲ့  တက္ကစီတစီးကို  သင်္ကန်းကျွန်းမြို့ နယ် သုဝဏ္ကမီးပွိုင့်မှာ လဆန်းပိုင်းက အထက်ပါအတိုင်း တွေ့ရပါတယ် (ဓာတ်ပုံ -  http://www.facebook.com/GtrJournal
GTR Car Journal)

ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ချည်ကျရောက်မှုသည် ညွန်းကိန်းအမှတ်အထိ ရောက်ရှိနေပြီး 

 မော်လမြိုင်၊  ဘားအံမြို့များတွင် (၁၂.၈) လွိုင်ကော်မြို့တွင် (၁၂.၄)၊  တောင်ကြီးမြို့ တွင် (၁၂) ဒီဂရီ အထိ အသီးသီး ကျရောက်လျက်ရှိကြောင်း ဦးထွန်းလွင်က ထပ်မံပြောကြားသည်။

 ခရမ်းလွန်ရောင်ခြည်ညွန်းကိန်းကို မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ် ကစတင်ပြီး တိုင်းတာခဲ့ခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

(၀ မှ ၃) အထိ အနိမ့်စား၊  (၄ မှ ၇)အထိဆိုလျှင်အသင့်တင့်၊၈ မှအထက်ကိုအန္တရာယ်ရှိအဆင့်ဟုသတ်

မှတ်
ထားသည်။
ခရမ်းလွန်ရောင်ခြည်သည် အညွန်းကိန်း (၈) အထက်ဖြစ်ပါက အသက်အန္တရာယ် စိုးရိမ် ထိခိုက်နိုင်ပြီး၊  အညွန်းကိန်း ၈၊ ၉၊ ၁၀၊  အထိရောက်ရှိပါက အရေပြားဆိုင်ရာ ရောဂါများ၊  အမြင်အာရုံေ၀၀ါးမှု ချို့တဲ့မှု

 ရောဂါများ၊  ကျရောက်နိုင်ကြောင်း၊   ခရမ်းလွန်ရောင်ခြည် ကျရောက်မှု  ညွန်းကိန်း(၁၃/၁၄)အထိရောက်
ရှိပါက အမျိုးသားဆိုင်ရာ ရောဂါ၊  သားသမီး ရနိုင်သည့်ရောဂါများအထိသက်ရောက်နိုင်ကြောင်းအရေပြား
 အထူးကု ဆရာဝန်ကြီးတဦးကပြောကြားသည်။

 ခရမ်းလွန်ရောင်ခြည် ထိရောက်မှု များပါက အရေပြားဆိုင်ရာ ရောဂါ၊  ကင်ဆာရောဂါ စသည်ဖြင့် ဖြစ်ပွား

တတ်ကြောင်း ကျန်းမာရေးဦးစီး ဌာန မှ ဆရာဝန်တဦးက ပြောကြားသည်။

နေပူထဲသွားလျှင် နေလောင်ခံ လိမ်းဆေး လိမ်းခြင်း၊ ဦးထုပ်ဆောင်းခြင်း၊   ထီးဆောင်းခြင်း၊  နေရောင်စုတ်

ယူအား နည်းသည့် အဖြူထည် အင်္ကျီ အ၀တ်အစား ၀တ်ဆင်ခြင်းဖြင့် ပြုလုပ်ပြီးမှ သွားလာသင့်ကြောင်း
 သူက ဆက်ပြောသည်။

နေပူထဲမှ ပြန်ရောက်ရောက်ခြင်း ရေချိုးခြင်း၊ ရေခဲရေသောက်ခြင်း၊အရက်သောက်သုံးခြင်းမပြုသင့်ကြောင်း

 သူက ဆက်ပြောသည်။
ဧရာဝတီ

No comments:

Post a Comment