Pages

Friday, March 22, 2013

ဒုတိယမိတ္ထီလာမဖြစ်စေရေး ကလောမြို့သူမြို့သားများကို အသိတရားနဲ့ စဉ်းစားချင့်ချိန်ထိန်းသိမ်းရန် လိုအပ်

မတ်(၂၂)
 



ဒီနေ့ဈေးထဲကို စောစောစီးစီးဈေးဝယ်သွားတော့ ဈေးထဲမှာပြောနေတဲ့ စကားတွေကြောင့် ကျွန်တော် အတော်လေးရင်တုန်ပန်းတုန် ဖြစ်သွားရတယ်။ မိတ္ထီလာမြို့မှာ (၂၀)ရက်နေ့တည်း က ဖြစ်နေ တဲ့ ပြဿနာက ခုထိမပြီးသေးဘူးတဲ့။ လူသတ်၊ မီးရှို့တာ အဆောက်အဦတွေမီးရှို့ တာကြောင့် သေဆုံးဒဏ်ရာရ အိုးမဲ့အိမ်မဲ့ ဖြစ်ကုန်ကာ အများကြီးဖြစ်နေပြီလို့ နိုင်ငံပိုင်ရုပ်မြင်သံကြားနဲ့ သတင်းစာတွေ ကြေငြာပေးလို့  အချိန်နှင့် တစ်ပြေးညီ သိနေပါတယ်။ 

ကျွန်တော်က ဒီကလောမြို့မှာ မွေးကတည်းက နေလာတာအခုအသက်(၆၀)ကျော်ပါပြီ။ မြို့ထဲမှာ ဘာဖြစ်တယ် ဟေ့ဆိုတာနဲ့ ကျွန်တော်အကုန်သိတယ်။ မြို့မိမြိုကဖလည်းဖြစ်နေတော့ မြို့သူမြို့သား အားလုံးက ရင်းနှီးခင်မင် မှုတွေနဲ့ လာပြောလေ့ရှိတယ်။ ဈေးကပြန်လာပြီး အိမ်ရောက်ရောက်ချင်း အိမ်မှာစောင့်နေတဲ့ လူသုံးလေးဦး ရှိနေပြီ။မိတ္ထီလာက မွတ်ဆင်လင်မိသားစုတွေ ဒီမြို့ထဲဝင်လာပြီ။ ဘယ်အိမ်၊ ဘယ်ဗလီမှာ တည်းနေတဲ့အကြောင်း လာပြောတော့ (၂၀)ရက်နေ့ကတည်းက ၀င်လာတာ ဆိုတော့ အခုဆိုရင် အင်အား(၂၀)လောက်ရှိပြီလို့ သိရ ပါတယ်။


လူမျိုးရေးခွဲခြားတာကို ကမ္ဘာကတောင်လက်မခံတာမို့ ကျွန်တော်တို့ရှမ်းတွေအနေနဲ့ မွတ်ဆလင်တွေ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး မပြောလိုပါဘူး။ ဒါပေမဲ့ မိတ္ထီလာပဋိပက္ခမှာလို ဒီမြို့မှာတော့ ဆူပူအုံကြွဖို့ မစဉ်းစားနဲ့ လိုးဝလက်ခံမှာမဟုတ်ဘူး။ဒီတော့ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေ ကလည်း မွတ်ဆလင်တွေတည်းနေတဲ့ အဲ့ဒီအိမ်နဲ့ ဗလီတွေကို စောင့်ကြည့်ပြီး မြို့အထွက် လုံခြုံရေးတွေ လုပ်နေကြရပြီ။ အိမ်လာပြောတဲ့လူတွေကို ကိုယ့်မိသားစု ကိုယ့် ရပ်ကွက်ထဲမှာ သူတို့ဘာတွေပြောတယ်၊ ဘာတွေလှုပ်ရှားတယ်ဆိုတာကို စောင့်ကြည့်ဖို့ ပြောပြီး ပြန်ခိုင်းလိုက် ပါတယ်။


အခုဆိုရင် ကလောတစ်မြို့လုံး မိတ္ထီလာကဖြစ်စဉ်တွေကို အဆက်မပြတ်စောင့်ကြည့် နားထောင် ပြီး ပြင်ဆင် ထားကြရတယ်လေ။ ရှင်းရှင်းပြောရရင် ကျွန်တော်တို့ ကလောမြို့ကို ဒုတိယမိတ္ထီလာ အဖြစ်မခံနိုင်ပါဘူး။ အခု ဆယ်တန်းတွေ စာမေးပွဲဖြေနေတော့ ပိုစိုးရိမ်ရတာပေါ့။ မိဘအုပ်ထိန်းသူတွေ ခမျာ စိုးရိမ်တကြီးနဲ့ ကျောင်းတွေ မှာ သွားစောင့်နေကြရတာ။

နောက်ထပ်မွတ်ဆလင်တွေ ၀င်လာအုံးမယ်ဆိုရင် အခြားနီးစပ်ရာမြို့တွေက မွတ်ဆလင်တွေနဲ့ ဆက်သွယ်ပြီး တစ်ခုခုလုပ်မှာကိုဘဲ စိုးရိမ်မိတယ်။ အဲဒီလိုမလုပ်နိုင်အောင် တစ်မြို့လုံး စည်းစည်း လုံးလုံးနဲ့ စောင့်ကြည့်ဖို့ လိုပါတယ်။ မိတ္ထီလာက အပူမီးတွေ ကျွန်တော်တို့ ကလောမြို့ဆီ ဘယ်လို အကြောင်းမျိုးနဲ့မှ ကူးစက် လောင်ကျွမ်းတာမျိုး အဖြစ်မခံနိုင်ဘူးဆိုတာ ကလောမြို့ခံတစ်ဦးအနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောလိုက်တာပါ။

ကလောမြို့ခံတစ်ဦး

No comments:

Post a Comment