Pages

Tuesday, March 26, 2013

ဂျပန်နှင့် သြစတြေးလျတို့ မြောက်ကိုးရီးယားကို ပိတ်ဆို့ဒဏ်ခတ်မှု ပြုလုပ်ရန်ပြင်ဆင်

မတ်(၂၆)


        
ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့သည် မြောက်ကိုးရီးယားနိုင်ငံ၏ နယူးကလီးယားထုတ်လုပ်မှုကို အထောက်
အပံ့ဖြစ်နေသော အစိုးရပိုင်အဓိက နိုင်ငံခြားငွေလဲလှယ်သည့်ဘဏ်ကို ပစ်မှတ်ထားပိတ်ဆို့ရန် အမေရိကန်
အစိုးရ ဦးဆောင်ပြုလုပ်သည့် အစီအစဉ်၏တစ်စိတ်တစ်ပိုင်းအဖြစ်မြောက်ကိုးရီးယားနိုင်ငံခြားကုန်သွယ်ရေး
ဘဏ်ကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။

ဂျပန်အစိုးရက ဒဏ်ခတ်အရေးယူမှုများကို လာမည့်ရက်သတ္တပတ်နှစ်ပတ်၊ သုံးပတ်အတွင်းလုပ်ဆောင်ရန်

ှိကြောင်း ဂျပန်အစိုးရ သတင်း ထုတ်ပြန်မှုများအရ သိရပြီး သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးကလည်း
ဒဏ်ခတ်အရေးယူမှုများ မကြာမီပြုလုပ်မည်ဟု ပြောကြားသွား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း
ထုတ်ပြန်ချက်များအရ သိရသည်။

အမေရိကန်ထိပ်တန်းအရာရှိတစ်ဦးကသမ္မတအိုဘားမားအစိုးရအဖွဲ့သည်
ယခုလအတွင်း မြောက်ကိုးရီယား
အရေးနှင့်စပ်လျည်း၍ ၎င်းတို့၏ သဘောထားကို ထုတ်ပြန်ခဲ့ပြီးနောက်မြောက်ကိုးရီးယားဘဏ်ကို တင်းကျပ်စွာ ကိုင်တွယ်ပေးကြရန် အခြားနိုင်ငံအစိုးရအဖွဲ့များကို တောင်း ဆိုထားခဲ့ကြောင်း သိရသည်။

အမေရိကန်အစိုးရသည် ထိုသို့လုပ်ဆောင်ရန် ဥရောပ
သမဂ္ဂကို တိုက်တွန်းထားကြောင်း အစိုးရရုံးမှ တနင်္လာနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

အကြမ်းဖက်ခြင်းနှင့်ငွေကြေးဆိုင်ရာအထူးအဖွဲ့ ဘဏ္ဍာရေး ဒုအတွင်းရေးမှူး ဒေးဗစ်ကိုဟန်က

 မြောက်ကိုးရီးယားဘဏ်ကို တင်းကျပ်မှုများ ပြုလုပ်ရန် လွန်ခဲ့သည့် ရက်သတ္တပတ်က တရုတ်အစိုးရကို တိုက်တွန်းခဲ့ကြောင်း သတင်းထောက်များကိုပြောကြားခဲ့သည်။ 
 တရုတ်အစိုးရ၏ တုံ့ပြန်မှုကို ၎င်းက ပြောကြား ခဲ့ခြင်းမရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင်စီးပွားရေးလာရောက်လုပ်ကိုင်ကြသည့်နိုင်ငံခြားဘဏ်များသည် နိုင်ငံခြားကုန်
သွယ်ရေး
ဘဏ်နှင့် ဆက်ဆံမည့်အရေးကို ဒဏ်ခတ်ပိတ်ဆို့မှုများ ကြုံတွေ့ရသည့် အီရန်နှင့် စီးပွားရေးလုပ်ငန်းများ
 လုပ်ဆောင်ရန် စာချုပ်ချုပ်ခြင်းကို နိုင်ငံတကာဘဏ်များ ပြန်လည်စဉ်းစားသကဲ့သို့ နှစ်ခါပြန်စဉ်းစားရန် 
အမေရိကန်တို့ကလုပ်ဆောင်ထားသည်ဟုကျွမ်းကျင်သူများက ဆိုကြသည်။

“ဒီ မြောက်ကိုးရီးယားနိုင်ငံဘဏ်ဟာ နယူးကလီးယားတွေ၊ တာဝေးပစ်ဒုံးကျည်တွေ လုပ်ဖို့ ငွေကြေးရရှိစေ

ဖို့ နိုင်ငံခြားနဲ့ ချိတ်ဆက်တဲ့ ဘဏ် ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်၊ ဒီဘဏ်ကို ဖိအားပေးလိုက်ခြင်းဖြင့် သူတို့ရဲ့ ဖျက်ဆီးမှုအားပြင်းတဲ့ လက်နက်တွေထုတ်လုပ်ဖို့ ကြိုးစားမှု တွေ၊ တရှိန်ထိုးလုပ်ဆောင်မယ့် အားထုတ်မှုတွေကို လျော့သွားအောင် ဖိအားပေးနိုင်ပါလိမ့်မယ်”ဟု အမည်မဖော်လိုသူ အမေရိကန် ထိပ်
 တန်းအရာရှိ တစ်ဦးက ပြောကြားသည်။

အမေရိကန်အစိုးရသည် ကုလသမဂ္ဂကိုလည်း မြောက်ကိုးရီးယားနိုင်ငံ ဖေဖော်ဝါရီ၁၂ ရက်ကပြုလုပ်ခဲ့သည့်

 နယူးကလီးယားစမ်းသပ်မှု အတွက် ဆောင်ရွက်ခဲ့သည့် အရေးယူပိတ်ဆို့မှုအသစ်တွင် ဘဏ်အရေးယူ
 ပိတ်ဆို့မှုကိုပါ ထည့်သွင်းရန် တိုက်တွန်းခဲ့ကြောင်း၊သို့သော်တရုတ်နှင့်ရုရှားနိုင်ငံတို့ကကန့်ကွက်ခဲ့ကြောင်း
အမေရိကန်ထိပ်တန်းအရာရှိနှင့်ကုလသမဂ္ဂဝန်ထမ်းများကပြောကြားခဲ့သည်။

တရုတ် နိုင်ငံနှင့်ရုရှားနိုင်ငံ ကန့်ကွက်ခဲ့သည့်အကြောင်းရင်းကိုမူ ၎င်းအရာရှိတို့က မပြောကြားခဲ့ကြောင်း သိရသည်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏သတင်းထုတ်ပြန်ချက်များအရဒဏ်ခတ်ပိတ်ဆို့မှုအနေနှင့်
နိုင်ငံခြား
ကုန်သွယ်ရေးဘဏ် လုပ်ဆောင် ချက်များကို သြစတြေးလျနိုင်ငံတွင် တားဆီးမည်ဖြစ်ကြောင်း သိရသည်။

မည့်သည့်အတိုင်းအတာအထိလုပ်ဆောင်မည်၊ မည့်သည့်နေရာတွင် ဆွေးနွေးနေသည်ကို အသိမပေးဘဲ ဘဏ်အမှုဆောင်များနှင့် ဆွေးနွေးပွဲများပြုလုပ်နေကြောင်း ၎င်းသတင်းတွင် ပါရှိသည်။

နိုင်ငံခြားရေးဝန်ကြီးရုံးမှ ဘော့ကားက မြောက်ကိုးရီးယားနိုင်ငံခြားကုန်သွယ်ရေးဘဏ်နှင့်
ၾသစေၾတးလ်
နိုင်ငံကြား ဆက်ဆံရေးမှတ်တမ်းကို ဥပဒေပြုကောင်စီက ရှာဖွေနေကြောင်း သိရသည်။

သြစတြေးလျနိုင်ငံသည် မြောက်ကိုးရီးယားနှင့် သံတမန်ထားသည့် ဆက်ဆံရေးရှိခဲ့ပြီး ဂျပန်ကမှု ၎င်းကဲ့သို့ ဆက်ဆံရေးမရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ခေတ်

No comments:

Post a Comment