Pages

Tuesday, March 19, 2013

“အမေရိကန်တွင် ဒေါ်လာ ၄ သန်း တန်ဖိုးရှိသည့် ဆေးခြောက်များ သိမ်းဆည်းရမိ”

မတ်(၁၉)
Photo: “အမေရိကန်တွင် ဒေါ်လာ ၄ သန်း တန်ဖိုးရှိသည့် ဆေးခြောက်များ သိမ်းဆည်းရမိ”

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်တာဘာဘရာမြို့အနီး ကမ်းခြေတွင် ပေါင် ၂,၀၀၀ နီးပါး အလေးချိန်ရှိသော ဆေးခြောက်အိတ်များ သိမ်းဆည်းရမိကြောင်း RT News တွင် ဖော်ပြသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများ၏ ခန့်မှန်းတွက်ချက်မှုအရ ဆေးခြောက်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ သန်းခန့်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဆေးခြောက်အိတ်များကို ကမ်းခြေရှိ ချုံပုတ်များကြား နေရာခွဲကာ သိုဝှက်ထားခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်များက ပြောကြားသည်။

 Planet Myanmar Network
 
No comments:

Post a Comment