Pages

Thursday, March 28, 2013

တောင်ဒဂုံမြို့နယ်၊စက်မှုဇုန် ၂ ရှိ မုန့်စက်ရုံ မီးလောင်ကျွမ်းမှု

မတ်(၂၈)
Photo
တောင်ဒဂုံမြို့နယ်၊ ၆၄ ရပ်ကွက် စက်မှုဇုန် ၂၊ သံလွင်လမ်းရှိ မုန့်စက်ရုံတစ်ရုံသည် မတ်လ ၂၈ ရက်နေ့ နံနက် ၅နာရီ ၅ မိနစ်အချိန်မှ စတင်ကာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၆ နာရီခွဲ အချိန်ခန့်တွင်မီးငြိမ်းသွား
ခဲ့ကြောင်း မီးငြှိမ်းသတ်နေသော မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အတိအကျ သိရသည်။ မုန့်အထွေထွေအခန်းမှ စတင်ကာ မီးခိုးများ တွေ့ရကြောင်း၊ ယင်းမုန့်စက်ရုံမှ လုံခြုံရေး တာဝန်ကျသူက ပြောသည်။ မီးလောင်မှုကြောင့် သေဆုံးမှု ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်ကို မီးသတ်ယာဉ် ၂၃ စီးနှင့် အထောက်ကူပြုယာဉ်၇စီးဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း
 သိရသည်။ မီးလောင်ကျွမ်းမှုအကြောင်းအရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
eleven

No comments:

Post a Comment