Pages

Friday, March 22, 2013

“ပိုင်ဆိုင်မှုအငြင်းပွား ကျွန်း လုံခြုံရေးတိုးမြှင့်ရန် အမေရိကန်နှင့်ဂျပန် သဘောတူညီ”

မတ်(၂၂)

အမေရိကန်နှင့် ဂျပန်နိုင်ငံ အစိုးရများသည် ဂျပန်က ထိန်းချုပ်ထားသည့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ကျွန်းများ လုံခြုံရေးအတွက် အစီအစဉ်များကို တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။ ဂျပန်က ရှင်ကာကူဟု ခေါ်ပြီး တရုတ်က ဒိုင်အိုယူဟု အမည်သတ်မှတ်သည့် ကျွန်းများကို ပိုင်ဆိုင်ရန် ဂျပန်နှင့် တရုတ်အစိုးရတို့ကြား တင်းတင်းမာမာ ဆက်ဆံရေးများ တည်ရှိနေသည်။

ထိုအချိန်တွင် ဂျပန်က အဓိက စစ်မဟာမိတ် နိုင်ငံဖြစ်သော အမေရိကန်နှင့် ပူးပေါင်းကာ ကျွန်းများ လုံခြုံရေးကို ဆက်လက် မြှင့်တင် ထိန်းချုပ်ရန် စီစဉ်လာခြင်း ဖြစ်သည်။ တစ်ဖက်တွင် ဂျပန်သည် တရုတ်ခေါင်းဆောင်
များနှင့် ဆက်လက် ဆွေးနွေးကာ အဆိုပါ ဒေသအတွင်း ဖြစ်ပေါ်နေသည့် အင်အားကြီး နှစ်နိုင်ငံကြား တင်းမာမှုကို လျှော့ချရန်လည်း ကြိုးပမ်းလျှက် ရှိသည်။

Read more http://www.planet.com.mm/news/read.cfm/id/21262

Planet Myanmar Network

No comments:

Post a Comment