
အစ္စရေးနိုင်ငံရဲ့ လုံခြုံရေးအပေါ် ခြိမ်းခြောက်တာတွေကို ရင်ဆိုင်တဲ့နေရာမှာ အစ္စရေးပြည်သူတွေပဲ ရင်ဆိုင်ရတာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက အစ္စရေးလူငယ်တွေကို အာမခံပြောကြားလိုက်ပါ
တယ်။ တချိန်တည်းမှာပဲ အစ္စရေးလူငယ်တွေကိုလည်း ပါလက်စတိုင်းတွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့
ပြောလိုက်ပါတယ်။
ဂျေရုစလင်မှာ ရှိတဲ့ ကျောင်းသားတွေကို ကြာသပတေးနေ့က မိန့်ခွန်းပြော
ကြားရာမှာ သမ္မတအိုဘားမားက ဂျူးလူမျိုးတွေကို သူတို့ရဲ့မြေပေါ်မှာ လွတ်လပ်ရေး ရဖို့အတွက် သမိုင်းဝင်ကြိုးပမ်းခဲ့ပုံေ
ပါလက်စတိုင်းတွေကို လွတ်လပ်ပြီး သူ့ဘာသာသူ ရှင်သန်ရပ်တည်နိုင်တဲ့ ပါလက်စတိုင်း နိုင်ငံအဖြစ် သဘောတူနိုင်မှသာ အစ္စရေးတွေအနေနဲ့လည်း သူတို့ရဲ့ နိုင်ငံကို ဒီမိုကရေစီကျင့်သုံးတဲ့ ဂျူးနိုင်ငံတော်အဖြစ် ဆက်ပြီးရှိ
သွားနိုင်မှာဖြစ်တယ်လို့ သူယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြော
ပါတယ်။ ပါလက်စတိုင်းတွေက သူတို့ရဲ့ နိုင်ငံ နယ်နမိတ်ဖြစ်တယ်လို့ ပြောနေ
တဲ့မြေတွေပေါ်မှာ အိမ်ယာတွေ ဆက်လက် တည်ဆောက်နေခြင်းအားဖြင့် တန်ပြန်အကျိုးသက်ရောက်မှုတွေ
ခေါင်းဆောင်တွေ အနေနဲ့ အသိအမှတ်ပြုဖို့ လိုတယ်လို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ်စ်က အစ္စရေး နိုင်ငံနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးဖော
ချင်တဲ့သူဖြစ်တယ်လို့ ယုံကြည်ကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။
VOA
No comments:
Post a Comment