Pages

Tuesday, March 19, 2013

ဆန်စပါးစိုက်ပျိုးရေးနှင့်ကိုင်တွယ်ထိန်းသိမ်းမှု နည်းပညာသင်တန်း ဖွင့်လှစ်မည်

မတ်(၁၉)
Photo: ဆန်စပါးစိုက်ပျိုးရေးနှင့်ကိုင်တွယ်ထိန်းသိမ်းမှု နည်းပညာသင်တန်း ဖွင့်လှစ်မည်

ရန်ကုန်--မတ်၁၉

 မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဓာတ်မြေသြဇာ၊ပိုးသတ်ဆေးနှင့် မျိုးစေ့တင်သွင်းရောင်းချသူ များအသင်းနှင့် ပူးပေါင်း၍ တောင်သူအထောက်အကူပြု ဆန်စပါးစိုက်ပျိုးရေးနှင့်ကိုင်တွယ်ထိန်းသိမ်း မှုနည်းပညာသင်တန်း (Training Course on Production and Good Handling Practices of Rice for Farmers) ကို မတ်၂၁ မှ ၂၅ အထိ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၏ လယ်ယာထွက်ကုန်နည်းပညာပေးရေးဌာနခွဲ သင်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
   တောင်သူဦးကြီးများအနေဖြင့်ဆန်စပါးရိတ်သိမ်းပြီးနောက်ပိုင်းကိုင် တွယ်ထိန်းသိမ်းမှုနှင့် သိုလှောင်မှုဆိုင်ရာကျင့်စဉ်ကောင်းများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုများကိုလျော့ပါးစေရန်၊ အရည်အသွေးမြင့်တန်းမြင့်ဆန်ဖြူများကြိတ်ခွဲနိုင်ရေးအထောက်အကူ
 ဖြစ်စေရန်၊ ပြည်ပဈေးကွက်တွင်ဈေးကောင်းရရှိနိုင်ရေးနှင့်တောင်သူလယ်သမားများ၏၀င်ငွေတိုးတက် မြင့်မားစေရေးအတွက် ရည်ရွယ်၍ ဤသင်တန်းကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
 ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုမှတောင်သူလယ်သမား (၅၀)ဦးခန့် သင်တန်းတက်ရောက် ကြမည်ဖြစ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ဓာတ်မြေသြဇာ၊ပိုးသတ်ဆေးနှင့် မျိုးစေ့တင်သွင်းရောင်းချသူ များအသင်းနှင့် ပူးပေါင်း၍ တောင်သူအထောက်အကူပြု ဆန်စပါးစိုက်ပျိုးရေးနှင့်ကိုင်တွယ်ထိန်းသိမ်း မှုနည်းပညာသင်တန်း (Training Course on Production and Good Handling Practices of Rice for Farmers)ကိုမတ်၂၁မှ၂၅အထိရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်ရှိ၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း
ရောင်းဝယ်ရေး၏ လယ်ယာထွက်ကုန်နည်းပညာပေးရေးဌာနခွဲ သင်တန်းကျောင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
တောင်သူဦးကြီးများအနေဖြင့်ဆန်စပါးရိတ်သိမ်းပြီးနောက်ပိုင်းကိုင် တွယ်ထိန်းသိမ်းမှုနှင့် သိုလှောင်မှုဆိုင်ရာကျင့်စဉ်ကောင်းများအား လိုက်နာဆောင်ရွက်ခြင်းဖြင့် ရိတ်သိမ်းချိန်လွန်လေလွင့် ဆုံးရှုံးမှုများကိုလျော့ပါးစေရန်၊ အရည်အသွေးမြင့်တန်းမြင့်ဆန်ဖြူများကြိတ်ခွဲနိုင်ရေးအထောက်အကူ
ဖြစ်စေရန်၊ ပြည်ပဈေးကွက်တွင်ဈေးကောင်းရရှိနိုင်ရေးနှင့်တောင်သူလယ်သမားများ၏၀င်ငွေတိုးတက် မြင့်မားစေရေးအတွက် ရည်ရွယ်၍ ဤသင်တန်းကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ပြည်နယ်/တိုင်းဒေသကြီး (၁၄)ခုမှတောင်သူလယ်သမား (၅၀)ဦးခန့် သင်တန်းတက်ရောက် ကြမည်ဖြစ်ကြောင်းသိရသည်။ 
Popular Myanmar News Journal
 
No comments:

Post a Comment